New Girl (Unicode)

415 30 1
                                    

Morning at school

ကျွန်မ အခန်းထဲတွင်ထိုင်ပြီး စားပွဲပေါ်ခေါင်းမှောက်အိပ်နေလိုက်သည်။ ကျွန်မ အိမ်မက်ဆိုးကြောင့်နိုးလာပြီးနောက်ပိုင်း မူးနောက်နောက်နဲ့ အိပ်ချင်သလိုဖြစ်နေသည်။ ကျွန်မ ပြန်အိပ်လို့မပျော်တော့ဘူး။ ကျွန်မ ပြန်အိပ်ပျော်ချင်တယ် ဒါပေမယ့် ကျွန်မ အဲ့ဒီအိပ်မက်ပဲပြန်မက်မှာကြောက်နေလို့ဖြစ်မယ်၊ အိပ်လို့မပျော်ဘူး။

ကျွန်မ အဲ့ဒီမကောင်းဆိုးဝါးကိုက်တာကို ကြောက်သည်။ အဲ့ဒီကိုက်လိုက်တဲ့အချိန်တိုင်း အိမ်မက်ဖြစ်နေတာတောင် တစ်ကယ်ဖြစ်နေသလိုခံစားနေရတယ်။

အဲ့ဒီထူးဆန်းတဲ့မိန်းကလေး၊ ကျွန်မ သူမအကြောင်း အရမ်းသိချင်မိသည်။ သူမ ကျွန်မနှုတ်ခမ်းကိုနမ်းလိုက်တာကို သတိရမိတဲ့အခါမှာ ကျွန်မ ကြောက်ရွံ့တွန့်ဆုတ်မိသည်။ သူ ကျွန်မကိုနမ်းလိုက်တုန်းက ကျွန်မအစာအိမ်ထဲမှာ တစ်ခုခုလှည့်ပတ်နေသလို ခံစားရသည်။

သူမ ဘာလို့ ကျွန်မကို နမ်းရတာလဲ။ ပထမဦးဆုံးအနေနဲ့ရှင်းပြရမယ်ဆိုရင်တော့ ကျွန်မက lesbian လဲမဟုတ်ဘူး bisexual လဲမဟုတ်ဘူး။ ထို့အပြင် ကျွန်မ ယောကျ်ားလေးတစ်ယောက်အပေါ် တိတ်တိတ်လေး တစ်ဖတ်သက်စိတ်ဝင်စားနေမိသည်။ သူ့နာမည်က Nickတဲ့။ သူက တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပဲ၊ ကြင်နာတတ်တယ်၊ ချောလဲချောတယ်၊ သူကတော့ တကယ့်ကို လူကြီးလူကောင်းတစ်ယောက်၊ ကြင်နာတတ်သည်၊ ရုပ်ရည်ကလည်း ချောမောသည်၊ သူက မိန်းကလေးတိုင်းစိတ်ကူးယဉ်တတ်တဲ့ idea type မျိုးပါ။ သူ့အကြောင်းတွေးမိရုံနဲ့တင် ကျွန်မ ရှက်သွေးဖြာလာသည်။

ပြီးတော့ ကျွန်မအိပ်မက်ထဲကမိန်းကလေး ကျွန်မရဲ့ first kiss ကို ခိုးယူသွားခဲ့သည့်အတွက် မုန်းမိသည်။ Ughh!! ကျွန်မရဲ့first kissကို Nick ကိုပဲပေးချင်တာ၊ ဒါပေမယ့် ကျွန်မရဲ့first kissအတွက် ကျွန်မ စိတ်ကူးယဉ် မျှော်လင့်ထားသမျှအားလုံးသည် သူမအကြောင်း အိပ်မက်စမက်ကတည်းက ကွယ်ပျောက်သွားခဲ့သည်။

တစ်ယောက်ယောက် ကျွန်မကို လာနှုတ်ဆက်တော့မှ အတွေးနွံထဲမှ နိုးထလာသည်။

"Hi Tiffany, good morning!!" ကျွန်မ အဲ့အသံပိုင်ရှင်ကိုသိတယ်။ ဒါ ကျွန်မအချစ်ဆုံးသူငယ်ချင်း Summer Choi ရဲ့အသံပဲ။

My Mate (Translation) 《Z & U 》Where stories live. Discover now