Beta (Unicode)

241 21 1
                                    

Taeyeon's Pov

Tiffany ကျွန်မနဲ့ Sunnyကို ထားခဲ့ပြီး ထွက်သွားတော့မှ ကျွန်မ သူမကို နံရံသို့နောက်တစ်ခါ ပြန်တွန်းလိုက်သည်။

"ဝမ်းကွဲညီမ ဟုတ်လား...ငါတို့က တစ်ဝမ်းကွဲညီအစ်မတွေ မဟုတ်ဘူးလေ Taeyeon.." Suuny လှောင်ပြုံးပြုံးလိုက်သည်။

ဟုတ်တယ်...သူမက ကျွန်မရဲ့ ဝမ်းကွဲညီမ မဟုတ်ဘူး...သူမတို့မိသားစုက Jeonju မှာ နေခဲ့ဖူးလို့ သူမကို သိနေတာ...

Sunnyတို့မိသားစုကလည်း werewolves တွေပဲလေ..

ကျွန်မက သူ့ကို beta အနေနဲ့ပဲ သိတာ၊ သူလည်း alphaဖြစ်ချင်ရင် ဖြစ်နိုင်ပါတယ်။ သူမလည်း ကျွန်မလိုပဲလေ။ ကျွန်မတို့က rogues တွေလေ။ အဖွဲ့မရှိဘူး၊ တစ်ကောင်တည်းနေတဲ့ werewolves တွေ။

ဒါပေမယ့် Sunnyက ကျွန်မတို့မျိုးနွယ်ထဲမှာ အလွတ်စုံလေထာက်လိုမျိုးပဲ။ ဖြစ်နိုင်တာက ဒီ Seoulမြို့မှာ တစ်ခုခုရှိနေလို့ပဲ၊ သို့သော် သူမ ကျွန်မကို မပြောပြဘူး။ သူမ အခုချိန်ထိ ခေါင်းမာနေတုန်းပဲ။

"ငါ သူ့ကို သဘောမကျဘူး...သူက အရမ်း ရက်စက်တယ်.." ဟု Toothlessက ပြောသည်။

"နင် ဒီကို ဘာလုပ်လုပ်တာလဲဆိုတာ ငါ့ကိုပြော.." ကျွန်မ ငါးကြိမ်မြောက်မေးလိုက်သည်။ ကျွန်မ ဒေါသထွက်လွန်းလို့ အသားတွေတဆက်ဆက်တုန်လာသည်။

"Aishh, နင် အခုထိ ဒေါသထွက်နေတုန်းလား Taeyeon! ကောင်းပြီ! ငါ ဒီကို alphaအကြောင်း စုံစမ်းဖို့လာတာ.." Sunny ပြောပြီး မျက်လုံးလွှဲသွားသည်၊ ကျွန် သူ့ကို လွှတ်ပေးလိုက်သည်။

"Alpahအကြောင်း??" "ဘာဖြစ်လို့လဲ.."

"သူ သေသွားပြီ.." "နင် အမြဲတမ်း သတင်းနှေးတာပဲ.." "Alpha သေသွားပြီ??"

"သူ့ကိုယ်သူ သတ်သေသွားတာ.." သူမ ထပ်ပြောသည်။

"ဘယ်လို...သတ်သေတယ်.."

Sunny ခေါင်းညိတ်၍ "ဒါ ဘာကြောင့်လဲဆိုတာ ငါသိဖို့လိုတယ်.."

"အထက်လူကြီးတွေက နင့်ကို လွှတ်လိုက်တာလား..."

"မဟုတ်ဘူး၊ ငါ့ဘာသာငါ သိချင်လို့။ အထက်လူကြီးတွေက ဘာကြောင့်လဲဆိုတာကို သိပ်မဝင်စားဘူး...သူတို့က ဒီမှာ alphaအသစ်ပဲထပ်ရှိစေချင်တာ..."ဟု Sunny ရှင်းပြသည်။

My Mate (Translation) 《Z & U 》Where stories live. Discover now