" မင်းတို့လေ မြင်မြင်ချင်း အချစ်ဆိုတာကို ယုံကြလား "
" ဘယ်လို "
သုံးယောက်သား တစ်လေသံတည်း ထွက်လာသောကြောင့် တာရာရယ်လိုက်ရင်း ...
" ဖြည်းဖြည်းပြောပါကွာ မင်းတို့ကလည်း လန့်လိုက်တာ "
" ငါတို့က မင်းထက်ပိုလန့်တယ် တာရာရဲ့ "
ပိုင်လွန်းပြောလိုက်သည့်စကားကို မိုးဦးနဲ့ လွင်ကလည်း
ခေါင်းညိမ့်၍ ထောက်ခံကြလေသည်။ထို့နောက် လွင်က ...
" ဒါနဲ့ မင်းက ဘာလို့ အဲ့ဒီလိုမေးရတာလဲ "
" အဲ့ဒါကလေ ငါလူတစ်ယောက်ကို မြင်မြင်ချင်းသဘောကျမိသွားလို့ကွာ ... သူကလုံးဝအကြွေဆင်သိလား ... အရမ်းချောတာပဲ "
" အဟမ်း အဲ့ဒီတော့ကာ ငါသိချင်တာကတော့ တစ်ခုပဲရှိတယ် ... G or B ? "
" B ဟီးဟီး "
" ဘာ "
အသံထွက်လာသူကတော့ ပိုင်လွန်းခန့်ပင်။
" လန့်လိုက်တာ ငပိုင်ရာ ဘယ်လိုတွေတောင်ဖြစ်တာလဲ ... ငါတို့လန့်ဖို့လဲထားပါဦး "
မိုးဦးက ပိုင်လွန်းကို အထူးအဆန်းသဖွယ်ကြည့်၍
ပြောလိုက်သည်။" သြော် မဟုတ်ပါဘူး ... ငါက BL Series တွေမှာပဲ အဲ့ဒီလိုမျိုးမြင်ဖူး၊ ကြားဖူးပြီး အပြင်မှာတော့ ဂျင်းတွေပဲ
ကြုံနေကြဆိုတော့လေ ... "" အရမ်းအံ့သြသွားတာမလား "
ပိုင်လွန်းရဲ့ စကားကို မိုးဦးက ဝင်ထောက်လိုက်သည်။
" အင်း ဟုတ်တယ် ... ဒါနဲ့ သူကဘယ်ကလဲ
ငါတို့ကျောင်းကပဲလား "" ဟဲဟဲ အဲ့ဒါတော့ ငါလည်းမသိဘူး ... ငါဒီကို
အလာတုန်းက မီးပွိုင့်မိနေတုန်း ကားဂိတ်တစ်ခုမှာ
ရပ်နေတဲ့ သူ့ကိုတွေ့ခဲ့တာ ... သူ့ပုံစံလေးကလေ အခြားသူတွေနဲ့ကို မတူဘူးသိလား ထင်းနေတာပဲ "
![](https://img.wattpad.com/cover/143281959-288-k316549.jpg)
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...