💛 အပိုင်း ၁၀ 💛

35.2K 3.2K 143
                                    

ဒီ​နေ့ အလုပ်​က​နေ ပြန်​လာ​တော့ လူက ပင်​ပန်းလာတာမို့  အရင်​​ရေမိုးချိုးလိုက်​ပြီး​တော့မှ အ​မေ ပြင်​​ပေးထားတဲ့
ထမင်းနဲ့ဟင်းကို စားလိုက်သည်​ ။

ပြီးတာနဲ့ အခန်းထဲ ဝင်​ပြီး TV​လေးဘာ​လေးကြည့်​မယ်​​ပေါ့ ။ ​နောက်​​တော့ အ​တွေးထဲဝင်​လာတဲ့ အရာတစ်​ခု​ကြောင့်​ ​အိမ်​ပြန်​​ရောက်​လာကတည်းက အားသွင်းထားတဲ့ ဖုန်း​လေးရှိရာသို့လာပြီး အားသွင်းကြိုးကိုဖြုတ်​ကာ ဖုန်းကို ယူလိုက်​သည်​ ။

ဟို angry react​လေးကို လက်​ခံ​ပေးလိုက်​ပါ့မယ်​​လေ ​နောက်​ဆိုလဲ ​တွေ့ရမှာပဲဟာကို ...

ဆိုပြီး facebookထဲဝင်​ friend request ထဲကို
ကြည့်​လိုက်​​တော့

ဟမ်​ သူမရှိ​တော့ပါလား ။ ကြည့်​ရတာ cancelလုပ်​သွားတာ​နေမယ်​ ။ ထားလိုက်​ပါ​တော့​လေ သူမှ friend မဖြစ်​ချင်​ပဲ ဘယ်​တတ်​နိုင်​ပါ့မလဲ ။

ထို့​နောက်​ Line outပြီး အလုပ်​က​နေပါလာတဲ့ စာရွက်​စာ​တမ်း​တွေကိုသာ ​သေချာပြန်​စစ်​​​နေလိုက်​သည်​ ။

ဒါနဲ့ acc လက်​မခံမိလို့ သူစိတ်​ဆိုးသွားတာများလား ။
မဖြစ်​နိုင်​ပါဘူး​လေ  ​ယောက်ျား​လေး တစ်​​ယောက်​ဖြစ်​ပြီး ဒီလို​သေး​သေးမွှားမွှားကိစ္စ​လေးကို ဘယ်​သူက
စိတ်​ထဲထည့်​ပါ့မလဲ ။

_________________________________

တာရာ အိမ်​​ရောက်​​ရောက်​ချင်း ​ခဏနားပြီး ​လေ့ကျင့်​ခန်းလုပ်​ကာ ​ရေချိုးလိုက်​သည်​ ။

"ဟူးးး အခုမှပဲ ပူတာသက်​သာ​တော့တယ်​ "

အိပ်​ခန်းထဲ​ရောက်​​တော့ ဖုန်းမြည်​သံကြားလိုက်​ရပြီး

" ဟယ်​လို "

" ......."

" ဟယ်​လို ဘယ်​သူလဲခင်​ဗျ "

" ........."

" ဟယ်​လို ! ကျစ်​ ဖုန်းသရဲ​တွေလား "

တာရာ စိတ်​တိုလာတာနဲ့ ဖုန်းချလိုက်​​တော့မယ်​အလုပ်​ ...

" ငါပါ "

" ဟမ်​ ဘယ်​ကငါလဲ ။ နင်​ ... ​စော "

" ​အင်း ငါ ​ ​စောကလျာပါ "

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now