Canteen ကနေ ပြန်လာပြီးနောက်ပိုင်း ယံနဲ့
စကားမပြောဖြစ် ။အခြေအနေတွေက ဒီလိုဖြစ်မယ်မှန်းသိရင် ယံ့ကို ဘာစကားမှ ပြောခဲ့မိမှာမဟုတ်ဘူး ။
ညရောက်တော့ ph no.အသစ်တစ်ခုနဲ့
စောကလျာphဆက်လာတယ်။လူတွေကလေရှိနေတုန်းကကျတန်ဖိုးထားရကောင်းမှန်း
မသိဘူး။အခုမှ ချစ်ပါတယ်ပြောပြီး အရင်အခြေအနေကို ပြန်ရယူဖို့ ကြိုးစားနေကြတယ် ။
နောက်ဆုံး ချစ်သူတစ်ယောက်လို အနားမှာနေခွင့်မရှိစေချင်ရင် သူငယ်ချင်းတစ်ယောက်အနေနဲ့တော့
အနားမှာရှိခွင့်ပေး ဆိုလို့ ကျွန်တော်လက်ခံလိုက်မှ
အဆင်ပြေသွားတယ်။အင်းး သူငယ်ချင်းတစ်ယောက်အဖြစ်တော့ လက်ခံလို့ရပါတယ်။ ဘာမှ ဖြစ်မှာမှမဟုတ်တာပဲလေ ။
~♡ ~
" လွင် "
" ဟမ် "
" နင်ငါ့ကိုချစ်လား "
" ဟမ် အင်း အဲ့ဒါက .."
" ချစ်လား မချစ်ဘူးလားပဲဖြေ "
ညနေတုန်းက ကျောင်းကနေ သူ့အိမ်တန်းမပြန်
သေးပဲ အိမ်ကိုခဏလိုက်လည်မယ်ဆိုလို့ ခေါ်ခဲ့တာ ။ဒီရောက်တော့ အမေကလဲ သွားစရာရှိလို့ဆိုပြီး သော့ပေးထားခဲ့ကာ အပြင်ကိုထွက်သွားလေတော့ ..
အိမ်မှာ pigless နဲ့ ကိုယ် နှစ်ယောက်တည်း ဆိုတဲ့
အတွေးက နှလုံးခုန်နှုန်းကို သိပ်မူမမှန်ချင် ။နှစ်ယောက်သား ဘာစကားမှမပြောပဲ တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ပြီး အနေရခက်နေချိန်မှာရုတ်တရပ်ကြီး ပြောလာတဲ့ pigless ရဲ့ စကားသံက
လူကို အတော်ချွေးပြန်စေတယ် ။" အင်း ငါနင့်ကို ချစ်တယ် ။ တကယ်ချစ်တာ ။
ငယ်ငယ်လေးကတည်းက ချစ်တာကွာ ။ ငါနင့်ကို
တကယ်အတည်ကြီးချစ်တာပါ pigless ရာ "
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...