💛 အပိုင်း ၁၂ 💛

34K 3.2K 54
                                    

" တာရာ ! တာရာ !! "

" ဟမ်​ ~ အင်း အင်း "

" ထ​တော့​လေ မင်းအိမ်​ပြန်​ရဦးမယ်​မလား ည​နေ ၆နာရီ​တောင်​ထိုး​နေပြီ "

" ဟမ်​ !!! ၆နာရီ​တောင်​ ထိုး​သွားပြီလား "

အိပ်​​နေရာက​နေ ရုတ်​တရတ်​ ထထိုင်​မိလိုက်​​တော့ ​ခေါင်းက မူး ကနဲ ~

" ဟာ ​ဟျောင့်​ ​ဖြေး​ဖြေးထ​လေ ​သေ​တော့မှာပဲ "

" အာ့ဆို လွင်​ ငါသွား​တော့မယ်​ မင်းကလဲ ​စော​စောစီးစီး မနှိုးဘူး "

" အမယ်​​လေး အ​ဖေ အခုမှ  ငါ့ကို အပြစ်​လာမတင်​​နေနဲ့ ~ မင်းကို နှိုးရလွန်းလို့ ငါ အသံ​တောင်​ ဝင်​​တော့မယ်​ ~ တ​ ယံထဲ ​ယံ​နေ​ပြီး​တော့ အိမ်​မက်​ထဲမှာ သာယာ​နေ​တာများ "

" hee ဟုတ်​လား အဲ့ဆို ငါသွား​တော့မယ်​ ~ "

" ​အေး​အေး "

လွင့်​ကို နှုတ်​ဆက်​ပြီး အမြန်​ထွက်​လာခဲ့လိုက်​တယ်​ ~

ကိုယ်​က​တော့ ကိုယ့်​သူငယ်​ချင်းအိမ်​မို့ စိတ်​ချလက်​ချအိပ်​တာ ဆို​ပေမယ့်​ ~ ပတ်​ဝန်းကျင်​ဆိုတာက ရှိ​သေးတယ်​​လေ ~

လွင်​တို့မိသားစုက ပတ်​ဝန်းကျင်​ကို သိပ်​ဂရုမစိုက်​တတ်​ဘူး ~ အဲ့ဒါ​ကြောင့်​ ဘယ်​သူဘာ​ပြော​ပြော လျစ်​လျူရှုပြီး
နေတတ်​တယ်​ ~

တခါတ​လေ လွင်​နဲ့အတူ မုန့်​သွားစားတဲ့အချိန်​မျိုးဖြစ်​ဖြစ်​ ~ လမ်းမှာ​တွေ့ကြရင်​ ကြည့်​သွားတဲ့ မျက်​လုံး​တွေကို
ကိုယ်​ကသာ ဂရုစိုက်​​နေတာ ~ လွင်​က​အေး​ဆေးပဲ ~

အ​တွေးလွန်​ရင်းနဲ့ ~ အိမ်​​ကို ဘယ်​လိုပြန်​​ရောက်​လာမှန်း
တောင်​ မသိလိုက်​ဘူး ~

" ငယ်​​လေး ဘယ်​က​နေ ပြန်​လာတာလဲ !"

အိမ်​ထဲ ဝင်​ဝင်​ချင်းပဲ မကြီးဆီက စိုးရိမ်​သံ​တွေ
စက်​​သေနတ်​ပြစ်​သလို ဝင်​လာ​တော့တယ် ~

" လွင့်​ အိမ်​မှာ အိပ်​​ပျော်​သွားမိတာ မကြီး "

" ​အေး​အေး ခဏနား ​ရေချိုး ပြီးရင်း ထမင်းစားဖို့ ​အောက်​ဆင်းလာခဲ့ "

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now