💛 အပိုင်း ၃၆ 💛

30.6K 3K 139
                                    

" ​တောက်​! "

" တာရာ မင်းရုပ်​ကြီးကလဲကွာ အီးမှန်​ထားသလိုပုံစံလုပ်​မ​နေပါနဲ့ "

" aww အဲ့ဒါဆို ငါက အဲ့ဒီ့မြင်​ကွင်းကို ကြည့်​ပြီး
ပျော်​လွန်းလို့ ထက​နေရမှာလား ! "

" မင်းအခုလို စိတ်​ဆိုး​ဒေါသထွက်​​နေ​တော့​ရော အ​ခြေအ​နေက ဘာ​ပြောင်းလဲမှာမို့လို့လဲ "

" အင်း​လေ တာရာ မင်းကလဲ ​ဒေါသကို ​လျှော့စမ်းပါ "

မိုးဦးနဲ့လွင်​ ဝိုင်း​ပြောလဲ တစ်​ဖက်​က ခုံမှာ မတ်​တပ်​ရပ်​​နေတဲ့ နှစ်​​ယောက်​ကို သတ်​ချင်​စိတ်​​တွေက
ပျောက်​ပျက်​မသွား !

Practical examလုပ်​ရမှာ​မို့ လူ​တွေခွဲပြီး
သုံး​ယောက်​တစ်​ဖွဲ့ဆီဖွဲ့လိုက်​တဲ့အထဲမှာ ယံနဲ့ ကိုယ်​က
အဖွဲ့မတူ​တော့ ။

အဖွဲ့မတူတဲ့အထိ လက်​ခံနိုင်​​ပေမယ့်​ သုံး​ယောက်​တစ်​ဖွဲ့
ဆိုပြီး  မိန်းက​လေးနှစ်​​ယောက်​နဲ့ ယံတစ်​​ယောက်​တည်း
တစ်​ဖွဲ့ဖြစ်​သွားတာကြီးကို​တော့ သိပ်​မကြိုက်​ချင်​ ။

မဟုတ်​ဘူး လုံးဝမကြိုက်​တာဆို ပိုမှန်​မယ်​။

အဲ့ထက်​ပိုဆိုးတာက ဘာpracticalမှ စမလုပ်​ရ​သေးပါပဲနဲ့ ယံ့ကို

" ကိုကြီး ကိုကြီး ဒါ​လေးက ဘယ်​လိုလုပ်​ရမှာလဲ "

" ဒါ​လေးကို နားမလည်​လို့ "

အ​ကြောင်းပြချက်​အမျိုးမျိုး​ပေးပြီး ယံ့​ရှေ့စာအုပ်
ထိုးပြလိုက်​ သူတို့မျက်​နှာထိုးပြလိုက်​နဲ့ !

ကိုယ့်​ ယံ​လေး ဘယ်​​လောက်​လန့်​​နေရှာမလဲ T~T

ဘယ်​​လောက်​ပဲ ယံ က မျက်​နှာမာထန်​​နေပါ​စေ ​ဘေးက
နှစ်​​ယောက်​ရဲ့ စပ်​ဖြဲဖြဲမျက်​နှာထားက ​ပျောက်​မသွား ။

ယံ့​ဘေးနားက နှစ်​​ယောက်​ကို ပြာချနိုင်​​လောက်​တဲ့
အကြည့်​နဲ့ကြည့်​​နေမိတာ​ကြောင့်​ ဆရာမ​ခေါ်တာ​တောင်
မကြားနိုင်​ ။

ဘေးက​နေ မိုးဦးနဲ့လွင်​ လက်​လှမ်းတို့မှသိတယ်​ ။ ယံ့ကို
တစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ အခုနက

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now