ကျောင်းရောက်တာနဲ့ အချစ်တာဝန်အရ ကျောင်းအခန်းထဲကို မျက်လုံးဝေ့ပြီး ကြည့်လိုက်မိတယ် ။
Aww သူမရောက်လာသေးဘူးပဲ ~ အင်းပေါ့ busနဲ့လာမှာဆိုတော့ နည်းနည်းပါးပါး နောက်ကျတာမျိုး ရှိမှာပေါ့လေ ။
" ဒီနေ့ စောသားပဲ "
သူ့အကြောင်းတွေးနေတုန်း ရောက်ချလာပြီ ~ အသက်ရှည်ဦးမယ် ။
" ပုံမှန် အချိန်ပါပဲ ယံယံရာ ~ aww ခဏ "
ဆိုပြီး သူ့အကျီင်္လေးကို လွယ်အိတ်ထဲကနေ ထုတ်ယူ
လိုက်တယ် ။ဘာမှမသိတဲ့ မိုးလွန်း နှစ်ကောင်ကတော့ အထူးအဆန်း
တွေကိုဖြစ်လို့ ~" ရော့ အကျီင်္ သေချာလျှော်ပေးထားတာနော် ။ မီးပူလဲ
ပြန့်နေအောင် ငါကိုယ်တိုင်တိုက်ထားတာ ။ ပြီးတော့
အမွှေးဆီနဲ့ လျှော်ထားတာမို့ မွှေးနေတာပဲ နမ်းကြည့် "" တာရာ မင်းက အကျီင်္ပေးနေတာလား အကျီင်္ရောင်းနေတာလား မသဲကွဲဘူး "
မိုးဦးကဝင်ပြောတော့ သူက ရယ်တယ် ။
" ဟုတ်သားပဲ ရပါတယ် ။ ပြန်လျှော်ထားပေးတာနဲ့ ok ပါပြီ "
ခဏ ! သူဘယ်မှာထိုင်မလို့လုပ်နေတာလဲ
" ငါတို့နဲ့လာထိုင်လေ "
" ရပါတယ် မင်းတို့ ထိုင်ရတာ ကျပ်သွားလိမ့်မယ် "
" အရင်ကလဲ လူလေးယောက်ထိုင်တာပဲကို ဘယ်မှာ
ကျပ်လို့လဲ "" အဲ့ဒါက လွင်လေ ~ သူနဲ့ငါက ခန္ဓာကိုယ်ချင်း ဘယ်တူပါ့မလဲ ငါထိုင်ရင် ကျပ်ချင်ကျပ်နေမှာပေါ့ "
" မင်းဖင်က ကြူကြူသင်းလောက်ရှိလို့လား ! "
ကဲ လူကို ဒေါသ မထွက်ထွက်အောင် လာလုပ်နေတာ ~
ထိုင်စရာရှိတာ မထိုင်ဘူး !" အာ အဲ့လိုတော့မဟုတ်..."
" အဲ့လိုမဟုတ်ရင် ထိုင် " ဆိုပြီး

YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...