💛 အပိုင်း ၃၅ 💛

32.6K 2.9K 147
                                    

အစပိုင်းတုန်းက တာရာနဲ့ စိတ်​ဆိုးထားတာမို့ သရဲကားကို
စိတ်​ဝင်​စားဟန်​နဲ့ ဟန်​​ဆောင်​ကြည့်​ခဲ့​ပေမယ့်

ဇာတ်​လမ်းတစ်​ဝက်​​လောက်​​ရောက်​​တော့
ဘယ်​လိုမှမ​နေနိုင်​​တော့ ။ အ​ကြောင်းသိတဲ့ လွင်​က​တော့
" အဆင်​​ပြေရဲ့လား " လို့​မေး​ပေမယ့်

အခုချိန်​မှာမှ " မ​ပြေဘူး " လို့ ​ပြောလဲမရ​တော့ဘူး​လေ ။
ရုပ်​ရှင်​ပြီးမှ ထွက်​ခွင့်​ပြုပါမယ်​လို့ ရုပ်​ရှင်​မစခင်​ကတည်းက
ပြောထားတာမို့ ထွက်​လို့ကလဲမရ ။

( note : JSရဲ့ ​အောက်​ထပ်​က ရုပ်​ရှင်​ရုံမှာ ရုပ်​ရှင်​မစခင်
လူကြီးမင်းတို့ရဲ့ လုံခြုံ​ရေးအရ ဘာညာဘာညာဆိုပြီး
ရုပ်​ရှင်​ပြီးမှ ထွက်​ခွင့်​ပြုပါမယ်​ဆိုတဲ့ စာ​လေးကို projectorမှာ အရင်​ပြထားပါတယ်​ 😢 )

ဘေးက တာရာကို ကြည့်​လိုက်​ပြန်​​တော့​လဲ
Colarဘူးကို လက်​တစ်​ဖက်​ကကိုင်​ ၊ ​ပေါက်​​ပေါက်ဆုပ်​ဘူးကို ရင်​ဝယ်​ပိုက်​ပြီး ဒူး​လေးနန့်​ ကြည့်​​နေတာများ

သရဲကားကြည့်​​နေတာလို့ကို မထင်​ရဘူး ။
ပိုင်​လွန်းခန့်​နဲ့ မိုးဦးသန့်​ကို ကြည့်​လိုက်​​တော့
နှစ်​​ယောက်​တည်း ကမ္ဘာ တည်​​ဆောက်​​နေလိုက်​တာများ

ဘေးလူ​တွေကို ရှိ​သေးတယ်​လို့များထင်​ကြရဲ့လားမသိ။

" ယံ "

" ဟမ်​ ဘာလဲ ဘာလို့လဲ ​ကြောက်​လို့လား ။ ဟိုနားက တစ်​​ယောက်​ကို ​ပြောပြီး အပြင်​ထွက်​ဖို့ သွား​ပြောမလား "

" ဟမ်​ ဘာ​တွေ​ပြော​နေတာလဲ ယံရဲ့ ။ မဟုတ်​မှ ...
ယံ ​ကြောက်​​နေတာလား? "

" မ​ကြောက်​ပါဘူး ဘယ်​မှာ​ကြောက်​လို့လဲ "

" မ​ကြောက်​​ပေလို့ပဲ ​ချွေး​တွေထွက်​​နေတာများ ..
ကြည့်​ပါဦး ! တကယ်​ပါပဲ .. အခုန ငါ​အော်​တုန်းက

မ​ကြောက်​နဲ့လို့ ​ပြောခဲ့တဲ့သူ ဘယ်​​ရောက်​သွားပါလိမ့်​ "

" တာရာ ! မင်းမစနဲ့​နော်​ "

" က​လေး​လေး " ဆိုပြီး ရုတ်​တရပ်​ ကိုယ့်​ကို လာဖက်​တဲ့
တာရာ ~

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now