💛 အပိုင်း ၄ 💛

44.3K 4K 87
                                    

မနက်​​စော​စောစီးစီး အိပ်​ယာက​နေ ​ချွေးသံတရွှဲရွှဲနဲ့ လန့်​နိုးလာသည့်​ ကြယ်​တာရာ။

ဟူးး အိပ်​မက်​ကြီးကလည်းကွာ ...

တာရာ့ရဲ့ အိပ်​မက်​ထဲမှာ သူ့ရဲ့crushက တာရာ့ကို
အဖက်​မလုပ်​ပဲ ​ချေတာ​ချေတာဆိုတာ​လေ တာရာ့မှာ
တစ်​​နေ့တစ်​​နေ့ မျက်​ရည်​​တွေကြီးပဲ ကျ​နေရတာတဲ့။

စောင်​ခွက်​​လေးက အိပ်​မက်​ထဲထိ​တောင်​ လူကို​ချေ​နေတာ။ ​စောက်​ခွက်​​လေးဆိုမှ သတိရတယ်​။ ငါ့ဖုန်း? ငါ့ဖုန်း​ရော ... ​သြော်​ ​တွေ့ပြီ။ ညကပြီးစလွယ်​ ကုတင်​​ပေါ်ကို ပြစ်​တင်​လိုက်​တာ ဘယ်​က​နေဘယ်​လို ပြုတ်​ကျသွားမှန်းမသိ။ ဖုန်း​လေးက ကုတင်​​အောက်​မှာ သနားစရာ​လေး။

တာရာ ဖုန်းရှာ​တွေ့တာနဲ့ လိုင်း​ပေါ်အမြန်​တက်​လာပြီး သူ့accountထဲ ဝင်​ကြည့်​လိုက်​သည်​။

ဟမ်​ တာရာ့ကို အခုထိလက်​မခံ​သေးပါလား။

မကြည်​​တော့သည့်​စိတ်​​လေးကို ​ဖြေ​ဖျောက်​ဖို့ သူလိုင်းမသုံးဖြစ်​​သေးတာ ​နေမှာပါ​လေဆိုပြီး ကိုယ့်​စိတ်​ကို
မနည်း​ဖြေသိမ့်​လိုက်​ရသည်​။

ဖုန်းကဘက်​ထရီ သိပ်​မရှိ​တော့တာမို့ အားသွင်းလိုက်​ပြီး
မျက်​နှာသစ်​ရန်​အတွက်​ ​ရေချိုးခန်းထဲသို့ ဝင်​​တော့မည့်​အချိန်​၌

" တာရာ​ရေ ငယ်​​လေး "

အစ်​မကြီးရဲ့ ​ခေါ်သံ​ကြောင့်​ တာရာပြန်​ထူးလိုက်​သည်​။

" ဗျာ မကြီး "

" နိုးပြီလား မျက်​နှာသစ်​ပြီးတာနဲ့ ​အောက်​မှာမနက်​စာလာစား​နော်​ မကြီးရုံးသွား​တော့မယ်​ "

" ဟုတ်​ကဲ့ မကြီး "

တာရာ့မှာ အစ်​ကိုတစ်​​ယောက်​နဲ့ အစ်​မတစ်​​ယောက်​ရှိသည်​။ တာရာ့အစ်​ကိုက​တော့ အိမ်​​ထောင်​ကျသွားပြီမို့ သူ့မိသားစုနဲ့သူ သီးသန့်​​နေကြပြီး အချို့​သောပွဲ​တော်​ရက်​​တွေနဲ့ ပိတ်​ရက်​​တွေမှာ​တော့ တာရာတို့ဆီကို မိသားစုလိုက်​ အလည်​လာတတ်​ကြသည်​။ တာရာ့အစ်​မက​တော့ တစ်​ကိုယ်​တည်းအပျိုကြီး​ပေါ့။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now