" အန်တီ့ကို သား ပြောစရာရှိလို့ပါ "
" အေးအေး ပြောလေ လွင်လေး ဘာပြောမလို့လဲ "
" သားနဲ့ pigless ချစ်သူတွေဖြစ်နေကြပါပြီ ။
အဲ့ဒါကို လက်ခံပေးပါ လို့ တောင်းဆိုမလို့ပါ "" ...... "
ဘာစကားမှမပြောပဲ ငြိမ်သွားတဲ့ pigless ရဲ့
အမေကြောင့် အခုန အားတင်းထားတဲ့ သတ္တိတွေတောင်
အလိုလို အငွေ့ပြန်သွားကြကုန်ပြီ ။" အန်တီ ... "
" သတ္တိရှိလား "
" ဗျာ "
" pigless ကို လက်တွဲပြီး လူကြားထဲသွားဝံ့လား "
" ဟုတ် သွားဝံ့ပါတယ် "
" အိုခေ သွားဝံ့တယ်ဆိုရင် လက်တွဲသွားပါ ။
ဒီလိုမျိုး အခြေအနေတွေ ဖြစ်လာမယ်မှန်း အန်တီ
အစကတည်းက သိပြီးသားမို့ အန်တီ မအံ့သြတာ
မဆန်းလောက်ပါဘူး ။သမီးက ဘယ်သူမှ မပြောပြပါပဲ သူ့ဘာသာ
LGBT supporter တစ်ယောက်
ဖြစ်သွားခဲ့တာရယ်လွင့်ကို ပြန်ရှာတွေ့ပြီလို့ ပြောတုန်းက
အရင်ကထက် ပိုပျော်ရွှင်နေပုံရတဲ့ သမီးပုံစံကြောင့်
အန်တီသိနေခဲ့ပေမယ့် ..အန်တီကြောက်တယ် ။ ဒီလို relationship မျိုးဆိုတာ အန်တီတို့လူမျိုးတွေအနေနဲ့က လုံးဝကို လက်မခံနိုင်တဲ့ အရာတစ်ခုဆိုတော့ ..
တစ်ခုခုဆို အန်တီ့သမီးလေး ဝမ်းနည်းပူဆွေးရမှာမျိုး
အန်တီ မမြင်ချင်ဘူး ။ "" သား ကတိပေးပါတယ် ။ pigless ဝမ်းနည်းရမယ့်
အဖြစ်မျိုး ဘယ်တော့မှ ဖြစ်မလာအောင်
သားကြိုးစားပါ့မယ် "" အန်တီ သမီးကို ယုံကြည်ပါရစေ လွင် "
Pigless အမေဆီက ခွင့်ပြုချက်ရပြီးတဲ့နောက်
ကျောင်းကိုသာ ထွက်လာခဲ့လိုက်တယ် ။Pigless ကိုအသိမပေးပါပဲနဲ့ လုပ်လိုက်ရတဲ့ကိစ္စဖြစ်
ပေမယ့် အခုလို သတင်းကောင်းကြားခဲ့ရတဲ့အတွက်
ကိုယ့်လုပ်ရပ်ကို သဘောကျမိတယ် ။
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...