💛 အပိုင်း ၂၉ 💛

32.8K 3.2K 255
                                    

" သားအ​ကြောင်းကို အန်​တီ့သားဆီက ကြားပြီးပါပြီ "

မျက်​နှာမာတယ်​လဲမဟုတ်​ ချိုတယ်​လဲမဟုတ်​တဲ့ အ​နေအထားဆို​တော့ ယံ့ရဲ့ အ​မေစိတ်​ကို မခန့်​မှန်းနိုင်​ ။

ယံ့အ​​မေနဲ့ ​ပေး​တွေ့မယ်​ဆိုတုန်းက​တော့ ​ပျော်​​ပေမယ့်
အခုချိန်​မှာ မ​ပျော်​နိုင်​ ။ ရင်​​တွေခုန်​​နေတဲ့ အပြင်
လက်​​တွေပါတုန်​လို့ ။

" သားက ဖတဆိုး​လေးမို့ အန်​တီက သူ့ကို အခုထိ
က​လေးလို သတ်​မှတ်​​နေ​သေးတာ။

ဒီက​လေးက အခု​တော့ သူက​လေး မဟုတ်​​တော့​ကြောင်း သက်​​သေပြတာထင်​ပါရဲ့ "

ယံ့အ​မေက စကားဆုံး​တော့ ယံ့​ခေါင်းကို တစ်​ချက်​ဖွလိုက်​တယ်​။

သူ့အ​မေက ကိုယ့်​​ရှေ့မှာ သူ့ကို က​လေးတစ်​​ယောက်​လို
ပြုမူလိုက်​လို့ထင်​ပါရဲ့ .. ယံရယ်​​လေ ချက်​ချင်းဆိုသလို
မျက်​နှာကြီးရဲတက်​လာတာများ hrr hrr

ကျွန်​​တော့်​မျက်​နှာ ပြုံးစိစိဖြစ်​​နေတာကိုမြင်​​တော့
နှုတ်​ခမ်း​ထော်​ကာ ကျွန်​​တော့်​ကိုစိုက်​ကြည့်​​နေပြန်​တဲ့ ယံ

ယံ့ရဲ့ဒီလိုပုံစံ​လေးကို ပထမဆုံး​တွေ့ဖူးတာပဲ ။ သူ့အ​မေက သူ့ကို အ​တော်​ ချစ်​ရှာတဲ့ပုံပဲ ။

သားအချစ်​​မြေးအနှစ်​တဲ့ ..

နောက်​ဆက်​တွဲ ဆက်​​တွေးဖို့ အင်​အားမရှိ​တော့ပြန်​ဘူး ဟူးးး

အချိန်​အ​တော်​ကြာ​တွေး​တောမိတယ်​ထင်​တယ်​ ယံက လက်​လာကိုင်​မှပဲ အခုအ​နေအထား ပြန်​​ရောက်​လာတယ်​။

" ​တောင်းပန်​ပါတယ်​​နော်​ "

လက်​လာကိုင်​ပြီး ရုတ်​တရပ်​ကြီး​တောင်းပန်​စကားဆို
လာ​တော့ ရင်​ထိတ်​သွားရပြန်​တယ်​ ။

ကိုယ်​​တွေး​နေတဲ့အချိန်​မှာသူအ​မေကများ ကိုယ်​တို့
နှစ်​​ယောက်​ကို သ​ဘောမတူဘူးလို့​ပြောလိုက်​​လေသလား

" ဘာ ဘာလို့​တောင်းပန်​တာလဲ ယံ "

ကျေးဇူးပြု၍ ထင်​ထားသလိုမဖြစ်​ပါ​စေနဲ့ ..

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now