💛 အပိုင်း ၂၆ 💛

34.2K 3.3K 327
                                    

" ​မောင်​​လေး​ရေ သူငယ်​ချင်းလာတယ်​ "

" ​နေ​နေ အမ ကျွန်​​တော်​ အ​ပေါ်တက်​သွားလိုက်​မယ်
ရမလားမသိဘူး "

"  ရတယ်​ရတယ်​ တက်​သွား​မောင်​​လေး သူ့အခန်းက.."

" ကျွန်​​တော်​သိပြီးသားပါ အမ "

" ဘယ်​တုန်းကသိ aww ​အေး​အေး ထားပါ​တော့ ~
တက်​နှင့်​​နော်​ ​မောင်​​လေးတို့စားဖို့ အမ စီစဉ်​​ပေးမယ်​ "

" ဟုတ်ကဲ့ " လို့​ပြောပြီး တာရာ့အခန်းထဲ ဝင်​လာခဲ့တယ်

အခုထိ အိပ်​ယာမနိုး​သေးဘူးထင်​တယ်​ ~ အိပ်​​နေတာကလဲ ပုစွန်​တုတ်​လို ​ကွေး​ကွေး​လေး နှုတ်​ခမ်းကလဲ အ​ရှေ့ကိုထွက်​​နေလိုက်​တာများ hrr hrr

နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတာမို့ မနှိုးချင်​ ~ ကိုယ်​ဆိုလဲ ကိုယ်​အရမ်းအိပ်​ချင်​​နေတဲ့အချိန်​လာနှိုးရင်
စိတ်​အ​နှောင့်​အယှက်​ဖြစ်​တယ်​မလား ။

ပြီး​တော့ ​နေမ​ကောင်းဖြစ်​ထားတဲ့အရှိန်​ပါရှိ​နေ​တော့ ~
အိပ်​ပါ​စေ နိုးလာမယ့်​အချိန်​ထိ ​စောင့်​​နေရမှာ​ပေါ့ ။

" ​မောင်​​လေး​ရေ ~ aww ဒီက​လေးနှယ်​ အခုထိ မထ​သေးဘူးလား ~ သူငယ်​ချင်းကို အားနာစရာ "

မုန့်​ဗန်းကြီးကိုင်​ကာ အထဲဝင်​လာတဲ့ တာရာ့အမ ~

" တာရာ ငယ်​​လေး ထ​တော့​လေ သူငယ်​ချင်း​ရောက်​​နေတယ်​ "

" မကြီးကလဲ ကျွန်​​တော်​​နေမ​ကောင်းဘူး​လေ ပြန်​လွှတ်​လိုက်​​တော့ "

" aww ဟဲ့ ဘယ်​ကိုပြန်​လွှတ်​ရမှာလဲ ထပါဆို​နေ "

" လွှတ်​ချင်​တဲ့ဆီလွှတ်​လိုက်​ မကြီးရာ အိပ်​ချင်​လို့ပါဆို​နေ "

Hrr hrr ​စောင်​​ခေါင်းမြီးခြုံပြီး ဗလုံးဗ​ထွေး ​ပြောလာတဲ့ တာရာ့​ကြောင့်​ အသံမထွက်​​အောင်​ ကြိတ်​ရယ်​မိတယ်

သူ့အမဆိုတာကလဲ ကိုယ့်​ကို အ​တော်​အားနာ​နေရှာတာ

" ဟဲ့ထပါဆို ငယ်​​လေး​နော်​ " ဆိုပြီး ကျွန်​​တော့်​​ရှေ့မှာတင်​ တာရာ့တင်​ပါးကို လှမ်းပုတ်​လိုက်​တဲ့ သူ့အမ

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now