" ဘာကြည့်နေတာလဲ ! အဲ့မှာ အဲ့စာကို သေချာကျက်
စာသုံးပုဒ်ရရင် မုန့်ကျွေးမယ် ! စာသာသေချာကျက် "ထိုသို့သော ဟောက်စားလုပ်နေပါသောသူကတော့ ..
ဟုတ်ကဲ့ ကိုယ့်ရဲ့ crushဘဝကနေ
ချစ်သူဘဝကူးပြောင်းသွားပြီဖြစ်တဲ့ ယံယံပါပဲ ။ယံ့ မေမေက သားငယ်လေး ဗိုက်ဆာရင် စားလို့ရအောင်
ဆိုပြီး မုန့်တွေယူ ခိုင်းတာကို သူ့ကိုကျ
မကျွေးလို့ပါဆိုပြီးတော့စာသုံးပုဒ်ရမှ မုန့်တစ်ထုပ်ကျွေးမယ် ဘာညာနဲ့ လူကို
မုန့်နဲ့ မြှားပြီး အနုနည်းနဲ့နှိပ်စက်နေတာ !ဗိုက်ကလဲ သိပ်မကြာခင်ကမှ ထမင်းစားထားတာကို
အငြိမ်မနေနိုင် တဂြီဂြီ တဂွမ်ဂွမ်ဖြစ်နေလေတော့
စာရအောင်သာ ကျက်ပေတော့ပဲ ~" ယံ ငါ စာရပြီ "
" အဲ့ဒါဆို ငါ့ဆီမှာစာပြန် "
" ယံ ! "
" အင်း "
" ငါက ကလေးလား ! "
" မင်းက ငါ့အတွက်တော့ကလေးပဲ ။ ဘာမှ အထွန့်တက်ဖို့ မလုပ်နဲ့တော့ ငါ့ဆီလာတာက နားမလည်တဲ့စာတွေကို
မေးချင်လို့ဆို ။အခု စာပါ တစ်ခါတည်း ရသွားတော့ မကောင်းဘူးလား "
" ငါ ဗိုက်ဆာနေပြီ ~~ "
ပုခုံးနှစ်ဖက်ကို လှုပ်ပြီး ကလေးတွေချွဲသလို
ချွဲပြလိုက်တော့ ပြုံးတယ် ။ " ငချွဲ ! ရော့ရော့ စား အများကြီး မစားရဘူးနော်
ညဘက်ကြီး အာလူးကြော်တွေစားတာက
ရင်အရမ်းပြည့်ပြီး အန်ချင်လိမ့်မယ်။အအေးလဲ အများကြီး မသောက်ရဘူး စာမေးပွဲက နီးနေပြီ
ချောင်းဆိုးလိမ့်မယ် ။ အဲ့မုန့်တွေမထိနဲ့ အဲ့ဒါတွေက
မကောင်းဘူး ဆိုးဆေးတွေပါတယ် ရောဂါရလိမ့်မယ်။အမေကလဲ ဘာတွေဝယ်ပေးသွားတာလဲကွာ ။
ဟာ တာရာ ! မစားပါနဲ့ဆို "
KAMU SEDANG MEMBACA
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Fiksi RemajaStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...