💛 အပိုင်း၆ 💛

41.2K 4K 139
                                    

" ငါ​ကောင်​မ​လေး တစ်​​ယောက်​ကို ချစ်​မိသွားပြီ "

ကျွန်​​တော်​တို့သုံး​ယောက်​လုံး လွင့်​မျက်​နှာကိုကြည့်​ပြီး
အံ့သြ​နေမိတာ​တော့အမှန်​ပင်​ ။

လွင်​ ဆိုတာက သူသာ ထုတ်​မ​ပြောရင်​  သူ Tomဆိုတာကို ကျွန်​​တော်​တို့သုံး​ယောက်​လုံးသိမှာ မဟုတ်​တဲ့အထိ Manlyဆန်​တယ်​​ပြောရမည်​ ။

မျက်​နှာက​တော့ မိန်းက​လေးတစ်​​ယောက်​ရဲ့မျက်​နှာလိုဆို​ပေမယ့်​  သူ့အ​ပြောအဆို ၊ သူ့အပြုအမူ ၊ သူ့အရပ်​အ​မောင်းက မိန်းက​လေးတစ်​​ယောက်​လို့ ထင်​ရက်​စရာပင်​မရှိ။

ကျွန်​​တော်​တို့နဲ့​စကား​ပြောတဲ့အချိန်​ကလွဲလို့  ကျန်​တဲ့အချိန်​ဆို ခပ်​တည်​တည်​​နေတတ်​သူဖြစ်​ပြီး အရပ်​ကလဲ ကျွန်​​တော်​တို့နဲ့တန်းတူနီးပါးရှည်​သည်​။

ကျွန်​​တော်​ရယ်​မိုးဦးရယ်​ လွင်​ရယ်​က အရပ်​ ၅​ပေ၈လက်​မ ဖြစ်​ပြီး ပိုင်​လွန်း တစ်​​ယောက်​သာ ၅​ပေ၇ ဖြစ်​သည်​ ။

ကဲ အဲ့ဒီမှာပဲ စဉ်းစားကြည့်​​တော့ .. ဒီအရပ်​က မိန်းက​လေးတစ်​​ယောက်​မှာရှိတတ်​သည့်​ အရပ်​အ​မောင်းထက်​ ပို​နေသည်​မလား ။

ပြီး​တော့ ခန္ဓာကိုယ်​အချိုးအစားကလဲ ပြားကပ်​ကပ်​မျိုးမဟုတ်​ သူ့​နေရာနဲ့သူရှိသည်​ ။ လုံးဝကို smart type ။

တကယ်​​တော့ ကျွန်​​တော်​တို့နဲ့ခင်​ပြီး ၁လ​လောက်​မှာမှ  လွင်​က သူမိန်းက​လေးတစ်​​ယောက်​ဆိုတာ ကျွန်​​တော်​ တို့ကို ဖွင့်​​ပြောခဲ့ခြင်းဖြစ်​သည်​ ။

အဲ့ဒီတုန်းက သုံး​ယောက်​သား သူ​နောက်​​နေတာထင်​ပြီး အခွက်​​ပြောင်​မိလို့ သူ့လက်​သီးစာ မိမလို​တောင်​ဖြစ်​ခဲ့​သေးတယ်​ ။

ကျွန်​​တော်​တို့သုံး​ကောင်​ စွံတယ်​ဆိုတာ လွင်​က သနားတယ်​လို့​ပြောရမယ်​ ။ သို့​သော်​ လွင်​က အ​တော်​​နေတတ်​သည်​ ။

သူသာ ​ပွေချင်​ရှုပ်​ချင်​စိတ်​ရှိရင်​ သူ့ကိုသ​ဘောကျ​နေသူ​တွေမှ တစ်​ပုံကြီး​လေ ။ တွဲကြည့်​ချင်​ရုံသက်​သက်​​တွေက
ပိုများမယ်​ ဆို​ပေမယ့်​​ပေါ့ ။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now