" သက်သာသွားပြီလား တာရာ "
" အခုမှလာမေးမနေနဲ့ အိမ်ကိုတောင် မလာပဲနဲ့များ
ငါမပြောလိုက်ချင်ဘူး အရင်တုန်းကတော့ သူငယ်ချင်းလေးယောက်ပဲရှိတာကို ဘယ်လိုစည်းလုံးရမှာ ဘယ်လို
ချစ်ချစ်ခင်ခင်နေရမှာလို့ ပြောကြပြီး ~ အခု ငါ
နေမကောင်းတာကိုတောင် လာမကြည့်နိုင်အောင်
အလုပ်တွေရှုပ်ပြနေကြတယ် "" ဟာ မင်းကလဲ ငါတို့phဆက်မေးတယ်လေ "
" သေလိုက်လေ မင်းတို့အိမ်နဲ့ ငါ့အိမ်က ဘယ်လောက်
ဝေးလို့လဲ လာချင်ရင် ခြေထောက်တောင်မညောင်းဘူးမင်းတို့ဘာသာ ရည်းစားတွေနဲ့ မိုးမမြင်လေမမြင်ကဲနေကြလို့ ငါ့ကို ပြစ်ထားရင် ပြစ်ထားတယ်ပေါ့ "
" အမယ် ကိုယ်တော်ချောရယ် မင်းလဲ အခုချိန် ငါတို့
အခွက်တွေ မြင်မှ အပြစ်ရှာဖို့ သတိရသွားတာမလားမင်းကျောင်းမတက်တဲ့ တစ်ပတ်လုံးလုံး မင်းရဲ့ ယံယံကလဲ
ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက်
ပြုစုပေးနေတာဆိုတော့မင်းတို့နှစ်ယောက်ရဲ့ Roll callနဲ့ Tutorial ကိစ္စတွေကို ငါတို့ကူလုပ်ပေးရသေးတာလဲ ထည့်ပြောလေ "
" တစ်ပတ်လောက်သာယာနေတုန်းက အကောင်း အခုမှ
ထဖောက်တာ မင်း မမိုက်ဘူးနော်ဟျောင့် "" aww အေး မှားပါတယ် ရှိကြီးခိုးပါတယ် အကိုတော်တို့ရယ် "
" ဒီလိုမှပေါ့ သားကြီးရာ "
ပိုင်လွန်းကို အားရပါးရဖက်ထားပြီး ပြောင်စပ်စပ်နဲ့ ပြောလာတဲ့ မိုးဦးကို လက်ခလယ်သာ ပြန်ထောင်ပြလိုက်တယ်
ယံယံက တစ်ပတ်လုံး အိမ်လာပြီး ဂရုစိုက်ပေးလို့ ကျေနပ်တာက ကျေနပ်တာပဲလေ ။
ကိုယ့်သူငယ်ချင်း အရင်းကြီးတွေက ရည်းစားနဲ့ပဲ
တွေ့နေပြီး ကိုယ့်ကို အိမ်တိုင်ရာရောက်
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...