ဒီနေ့ ကျောင်းပိတ်ရက်မို့ အတွဲသုံးတွဲစုပြီး
ရုပ်ရှင်သွားကြည့်ဖို့ ချိန်းထားကြတယ် ။ရုပ်ရှင်ကြည့်ပြီးရင် ဘယ်တွေဆက်ဝင်ဦးမလဲ မသိတာမို့
အိမ်ကကားသာယူလာခဲ့ရတယ် ။Junction square မှာ ကြည့်မယ်ဆိုတဲ့ ပိုင်လွန်း
ခန့်ရဲ့ အဆိုပြုချက်ကို တာရာရော pigless ကပါ
လက်ခံလိုက်တာမို့ အဲ့ဒီကို အရင်သွားကြတယ် ။ရောက်တာနဲ့ ဘာကားကြည့်ရမလဲဆိုတာကို
ခေါင်းချင်းဆိုင်ပြီး စဉ်းစားကြတယ် ။ဥပါယ်ဒါန် ၊ ငါ့ကိုနမ်းတဲ့မုန်တိုင်း ၊
သရဲကားဖြစ်တဲ့ Gonjiam Haunted Asylumစတဲ့ဇာတ်ကားသုံးကားတင်ထားတာမို့ ~
မိုးဦးက စတင်ပြီးတော့ ပြောလိုက်တယ် ။
" ငါ့ကိုနမ်းတဲ့မုန်တိုင်း ကြည့်ကြမယ်လေ .. ဖွေးဖွေးလေး ငါ့အချစ်ဆုံးလေး " ဆိုတဲ့ စကားနောက်မှာ ပိုင်လွန်းခန့်ရဲ့
မျက်စောင်းက ပြာကျနိုင်ဖွယ်အတိ ။ပိုင်လွန်းခန့်ရဲ့ မျက်စောင်းကို သတိမထားမိပဲနဲ့ လွင်ကလဲ ဝင်ထောက်ခံတယ် ။
အင်းးး နှစ်ယောက်ဆိုတော့ .. မဲက ပိုများလာနိုင်
ချေရှိတော့မှာ ။ ကိုယ်ကလဲ နဂိုကတည်းကမှ ဖွေးစိန် Fanဆိုတော့ .." အဲ့ဒါဆို ဖွေး ကားပဲကြည့်တော့မယ်နော် ။ ငါလက်မှတ်သွားဝယ်လိုက်မယ် "
" ဘာ ! ဖွေးဖွေးတို့ ဖွေးစိန်တို့တောင် မခေါ်တော့ပဲ ဖွေး ?
ဟုတ်လား ! မကြည့်ရဘူး တခြားကားကြည့်မယ် "တက်ကြွစွာနဲ့ ပြောလိုက်တဲ့ ကိုယ့်အသံကို ဖျက်ဆီးလိုက်တာကတော့ အချစ်ရဆုံးလေး တာရာ -.-
" တာရာကလဲ ~ "
" ဘာမှ တာရာကမလဲဘူး ! မျက်လုံးပါရင် ကြည့် ! ဒီမှာ မတ်တပ်ကြီး ! "
>.<
" အဲ့ဒါဆို ဥပါယ်ဒါန် ကြည့်ကြမယ်လေ ။ ငါ trailer
ကြည့်ဖူးတယ် ။ ကောင်းမယ့်ပုံလေး "
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...