💛 အပိုင်း ၇ 💛

40.9K 3.7K 128
                                    

ဒီ​နေ့ ပထမဆုံး​ကျောင်းစတက်​ရမှာဆို​တော့  ဘာ​တွေ
လိုအပ်​မလဲမသိလို့  အလုပ်​က​နေခွင့်​တစ်​ရက်
ယူလိုက်​ပြီး ​ကျောင်းသို့ထွက်​လာခဲ့သည်​ ။

ကိုယ်​က ​ကျောင်း​ပြောင်းလာတဲ့သူဆို​ပေမယ့်​  ​မေဂျာတူသူငယ်​ချင်းတစ်​​ယောက်​ ရှိလို့ ​တော်​​သေးတယ်​ 
ပြောရမယ်​ ။

ကျောင်း​ရောက်​​ရောက်​ချင်း  သူထင်​တဲ့အတိုင်း ​နေရာ​တွေက တစ်​ခုမှမသိတဲ့အပြင်​  ​ကျောင်း​ဆောင်​တစ်​ခုနဲ့တစ်​ခုက ခြားပြီး ​ကျောင်းကြီးကလဲ ကျယ်​တာမလို့

တစ်​​ယောက်​ပြီး တစ်​​ယောက်​ကို​မေးပြီးမှ ​ ​​တက်​ရမယ့်
မေဂျာအထူးပြုတဲ့ဌာနကို  ​တွေ့ရ​တော့သည်​ ။

အ​ရှေ့မှာ လူ​တွေစုရုံး​နေတာက ဘာဖြစ်​လို့ပါလိမ့်​ . . .

ဘေးကဖြတ်​သွားသည့်​သူကို ​ကောင်းကင်​ယံ
လှမ်း​မေးလိုက်​သည်​ ။

" ဒီမှာဗျ  အဲ့ဒီမှာ ဘာရှိလို့လဲမသိဘူး ? လူ​တွေများ​နေ​တော့​လေ "

"  ​သြော်​ ဘယ်​အခန်းတက်​ရမလဲဆိုတာကို ​ရေးထားတာမို့လို့​လေ "

" ​သြော်​ ​ကျေးဇူးပဲဗျ " လို့ တဖက်​လူကို နှုတ်​ဆက်​ပြီး 
သူ အဲ့ဒီကို​ရောက်​​အောင်​သွားလိုက်​သည်​ ။

ဟမ်​  ​ကျောင်း​ပြောင်း​တွေက ​နောက်​ဆုံးအခန်းပဲ ။ shit ဟို​ကောင်​နဲ့ အခန်းတူပါ့မလား ။

ဘာပဲဖြစ်​ဖြစ်​  အခန်းထဲ အရင်​သွားကြည့်​လိုက်​တာ
မှားမယ်​မထင်​ပါဘူး​လေ ။

ကျွန်​​တော်​​ရောက်​သွား​တော့  အခန်းတိုင်းလိုလိုမှာ
လူတစ်​​ယောက်​စ နှစ်​​ယောက်​စပဲ ရှိ​သည်​။

ဒီအခန်းဖြစ်​မယ်​ထင်​တယ်​ ။ 

" ဒီမှာခင်​ဗျ . . . ဒီအခန်းက ​နောက်​ဆုံးအခန်းလား
မသိဘူး  "

" ဟုတ်​တယ်​ "

" ​သြော်​ ​ကျေးဇူးပါပဲ "
ဆိုပြီး အခန်းထဲမှာပဲ ဝင်​ထိုင်​​နေလိုက်​သည်​ ။

တော်​​တော်​ကြာတဲ့အထိ လူ​တွေက တစ်​​ယောက်​၊
နှစ်​​ယောက်​က​နေ ထပ်​တက်​မလာ​တော့တာမို့

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now