ကျောင်းကနေ အိမ်ကိုပြန်ရောက်တာနဲ့ သူ့အကျီင်္လေးနဲ့
Selfie တစ်ပုံပြီးတစ်ပုံ မနားတန်း ရိုက်ပလိုက်တယ် ~သူ့ချွေးနံ့လေးက တစ်မျိုးလေး ♡ ကိုယ်နဲ့များကွာပ ~
" ငယ်လေး ပြန်လာပြီလား ~ ဟဲ့ အကျီင်္က မနက်ကဟာ မဟုတ်ပါဘူး အသစ်ဝယ်လိုက်တာလား ? နှမြောစရာ နင်ဟာလေ သိပ်ဖြုန်းတာပဲ ဘာလုပ် ဖို့ဝယ်တာလဲ "
" မကြီးကလဲ ဝယ်လာတာ မဟုတ်ပါဘူး ~ ငှါးလာတာ "
" ဘယ်သူကများ အခုလို အသစ်စက်စက် အကျီင်္ကို နင့် ငှါးရဲတာလဲမသိဘူး ~ "
" မသိရင် ကျွန်တော်က ညစ်ပတ်ပေတလူး နေတတ်တဲ့သူကြနေတာပဲ မကြီးနော် "
" မဟုတ်လို့လား လောလောဆယ် နင့်အခန်း အမှိုက်ပုံကိုအရင်ရှင်း !! အတွင်းခံတွေကအစ ပွထနေတာပဲ ဘယ့်နှယ် "
" ဟာဗျာ မကြီးကလဲ ဘာလို့ဝင်ကြည့်တာလဲ "
" အမယ်လေး အခုမှ ရှက်မနေနဲ့ ~ ငါက နင့်အမ နင်ငယ်ငယ်လေးကတည်းကထိန်းလာတာမို့် နင့်တကိုယ်လုံး
ဘယ်နေရာမှာဘာရှိလဲ အလွတ်ရတယ် ငါ့မောင် "" ဟာဗျာ တော်ပြီတော်ပြီ အခန်းသွားရှင်းတော့မယ် "
ဆိုပြီး အပေါ်ကို အမြန်ပြေးတက်သွားလိုက်တယ် ~ဒါတောင် အနောက်ကနေ မကြီးရဲ့ " သောက်ကလေးလေး " ဆိုတဲ့ နားဝင်ချိုစရာလေးက ကြားဖြစ်အောင်ကြားလိုက်ရသေး ~
အခန်းထဲရောက်တော့ မကြီး ရှင်းပေးထားသေးတယ်ထင်တယ် ~ မနက်ကလောက်တော့ မရှုပ်တော့ဘူး ဒါမယ့်လဲ ထပ်တော့ရှင်းရမှာပေါ့လေ ~
ရေမိုးချိုး အဝတ်အစားလဲပြီး ထမင်းစားမယ်အလုပ် ~ ဟင်းမကျက်သေးဘူး ခဏစောင့်ဦးလို့ မကြီးက လှမ်းပြောတာမို့် ~
ထုံးစံအတိုင်း online ပေါ့ ~
ဟော ယံယံလေး မီးစိမ်းနေတယ် ~" Hi "
ဟော seenဖြစ်သွားပြီ ~
" Hola "
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...