" ဖြစ်ပါ့မလား မကြီးတော့ မထင်ဘူးနော် "
အိမ်ရောက်ရောက်ချင်း ယံနဲ့ကိစ္စကို မကြီးကို
အသိပေးကြည့်တော့ အစက သိပ်လက်မခံချင် ။မိုးဦးတို့ရော လွင်တို့ပါ ဝိုင်းပြောလာတော့
ငါတော့ခေတ်နောက်ကျနေပြီထင်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းသာ ပြောပြီး အခုနကလို လက်မခံဘူး
ဘာညာဆက်မပြောတော့ ။အဖေ့ကို ပြောဖို့ကျတော့ မကြီးက လက်မခံ ။ ကိုယ်လဲ
အဖေ့အကြောင်းကို သိနေတာမို့ ယံ့ကို နောက်မှ ပြောပြဖို့
ဖြောင်းဖျပေမယ့် သူကလဲ ဇွတ် ။မကြီးတောင် အခုလက်ခံပေးတယ်မလား ဆိုတဲ့ စကားပဲ
ပြောနေတော့တာ ။အိမ်ရှေ့က ခြေသံကြားတာမို့ အဖေရောက်လာပြီဆိုတာ
အတပ်သိတာနဲ့ အကုန်လုံး ဘာစကားမှ
ဆက်မပြောကြတော့ ။" awwသား သူငယ်ချင်းတွေပါရောက်နေပါလား
မိုးတောင်ချုပ်နေပြီ ။ ဘာလဲ သူငယ်ချင်းတွေအတူ
ညအိပ်ဖို့ လာလည်ကြတာလား "အသံခပ်မြူးမြူးနဲ့ ပြောလာတဲ့ အဖေ့ရဲ့ စကားသံအဆုံးမှာ
အကုန်လုံး ကျောက်ရုပ်အလား ။အဖေက ထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့အထိ စကားသံ ထွက်မလာ ။ ကျောင်းမှာတုန်းက စွတ်ဆက်ပြီး အားပေး
အားမြှောက်လုပ်ပေးနေတဲ့ မိုးဦး တောင် စွံ့အနေဆဲ အခြေအနေမှာ ...." ဦးလေး ~ ကျွန်တော် ခွင့်တောင်းစရာရှိလို့ပါ "
တိတ်နေတဲ့ အခန်းထဲမှာ ကျယ်လောင်စွာနဲ့ ရှင်းရှင်းလင်းလင်း ထွက်လာတဲ့ ယံ့အသံက ပိုပြီး ခြောက်ခြားစေသလို
" အင်း ပြောလေ သား ဘာခွင့်တောင်းချင်လို့လဲ "
မကြီး ယူလာပေးတဲ့ ရေခွက်ကို ကိုင်ပြီး ပြောလိုက်တဲ့
အဖေ့ပုံစံက အေးဆေးသလောက်ကိုယ့်မှာတော့ ခြေရောလက်ရော ရှိရှိသမျှ တုန်ပြီး
ကြောက်လန့်နေရတယ်။
![](https://img.wattpad.com/cover/143281959-288-k316549.jpg)
VOUS LISEZ
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Roman pour AdolescentsStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...