Extra ♡ 2♡

42.4K 3K 143
                                    

" တာရာ ! "

" တာရာ ဘယ်​မှာလဲ တာရာ!! "

အိမ်​ထဲက​နေ အာပြဲကြီးနဲ့​အော်​​နေတဲ့ ယံ့​ကြောင့်​ ပန်းပင်​​တွေ ​ရေ​လောင်း​နေရာက ခဏရပ်​ပြီး အိမ်​ထဲဝင်​လာခဲ့
လိုက်​သည်​ ။

" တာရာ ! "

" ဘာလို့အဲ့​လောက်​အသံပြဲနဲ့​အော်​​နေရတာလဲ ယံရယ်​ "

" ဘယ်​​ရောက်​​နေတာလဲ ဘာလို့ ငါနိုးလာ​တော့
ငါ့​ဘေးနားမရှိရတာလဲ "

ဟမ်​ ယံတစ်​​ယောက်​ ကြာလာ​လေ အချိုး​တွေ​ပြောင်းလဲလာ​လေပါပဲ ။

အခုလဲ ခါတိုင်းဒီချိန်​ဆို အပင်​​တွေ​ရေ​လောင်းရင်​​လောင်း
မဟုတ်​ရင်​ မီးဖိုခန်းထဲမှာပဲ ကျွန်​​တော်​ကရှိ​နေတတ်​သည်​​လေ ။

" အပင်​​တွေ​ရေသွား​လောင်းတာ​လေ ယံရဲ့ ဘာလို့လဲ "

" aww ဘာမှမဟုတ်​ပါဘူး ။ အိပ်​ယာကနိုးလာလာချင်း
မင်းမျက်​နှာမမြင်​ရ​တော့ ရင်​ထဲဟာတာတာကြီး ဖြစ်​​နေလို့်​ "

" ဟမ်​ ဟုတ်​လား အဲ့ဒါ ဗိုက်​ဆာ​နေတာဖြစ်​မယ်​ ။ သွားသွား အမြန်​မျက်​နှာသစ်​​ရေမိုးချိုးပြီး​တော့ ​အောက်​ကိုဆင်းလာခဲ့ ။

မနက်​စာအဆင့်​သင်​ဖြစ်​​အောင်​လုပ်​ထားလိုက်​မယ်​ ​"

စကား​ပြောပြီး မီးဖိုခန်းထဲဝင်​ဖို့ လှည့်​ထွက်​အလာ
ရုတ်​တရက်​ဆိုသလို ခါးကိုတင်းတင်းကြပ်​ကြပ်​လာဖက်​တဲ့
လက်​တစ်​စုံ​ကြောင့်​ အူ​ကြောင်​​ကြောင်​ဖြစ်​သွားရသည်​။

" ယံ ဘာဖြစ်​​နေတာလဲ ဘာကိစ္စရှိလို့လဲ ဝမ်းနည်းစရာများရှိ​နေသလား ဟမ်​ "

မလုပ်​စဖူးအလုပ်​​​​တွေလာလုပ်​​နေတာမို့ လူက စိတ်​ပူမှုနှုန်း
ပိုများလာခဲ့သည်​ ။

" ဘယ်​ကသာ ဘာ​ကြောင့်​ရယ်​မှမဟုတ်​ပါဘူး ။ မင်း
ညတိုင်းလိုလို boy love series ​တွေကြည့်​တဲ့အချိန်
ဆို ဇာတ်​လမ်းကိုကြည့်​လိုက်​ ငါ့ကိုကြည့်​လိုက်​နဲ့ ပွစိပွစိ

ကျိန်​ဆဲ​နေတဲ့ စကား​တွေကို ကြားရပါများလာလို့ ။ သူတို့လို ငါလဲ လုပ်​ကြည့်​တာ "

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now