မနေ့က အစားများပြီး နေလို့မကောင်း ဖြစ်နေတာ မို့
ကျောင်းမသွားပဲ အိမ်မှာပဲ နားနေရတယ် ~လူကသာ နားနေတာ မျက်လုံးကတော့ မနားနိုင် ~ တစ်နေ့က အသစ်ထွက်တဲ့ k drama series လေးကို download ဆွဲပြီး အပြီအပြင် ကြည့်နေတာ ~
ကြည့်နေရင်း အချိန်အတော်ကြာလာတော့ မျက်လုံးက ဒဏ်မခံနိုင်တော့ဘူး ထင်ပါရဲ့ ကျိန်းစက်ပြီး အိပ်ချင်လာတာမို့ ~ phလေး ဘေးချပြီး အိပ်မယ်အလုပ် !
" မိုးဦးရေ !! မိုးဦး !! "
ဟာ တာရာ့အသံကြီး ~ ဘာလာလုပ်တာလဲ စောင်ငမွှေထိုးကောင် အိပ်ချင်လို့ပါဆိုနေကွာ ~
"မိုးဦးရေ !!!"
" ကျစ် မင်းအဖေကို အာ့လောက်ခေါ်မနေနဲ့ လာပြီ "
ဟမ် ! တာရာနဲ့အတူ လွင်ရော လွန်းရော ပါလာတာပဲ ~
" အဟမ်း မိုးဦး နေကောင်းသွားပြီလား "
ဘုရားရေ ~ လွန်းက ငါ့ကို စိတ်မဆိုးတော့ဘူးလား~
အိမ်မက် မက်နေတာများလား ~"ဟေ့ကောင် ပိုင်လွန်းမေးနေတယ်လေကွာ မင်းကလဲ
ငုတ်တုပ်ကြီး သတိလစ်နေတာလား "လွင်က ဝင်ပြောတော့ ပိုင်လွန်း.မျက်နှာကပြုံးစိစိ ~
အရှေ့က မိုးဦးတော့ ဘယ်လိုနေလဲမသိ ~ ပိုင်လွန်းကတော့ ရင်တွေခုန်လို့သေတော့မယ် ~
ဟောကြည့် ~ လွင် ဝင်ပြောတာတောင် ပါးစပ်အဟောင်းသားနဲ့ ပိုင်လွန်းကို ကြည့်နေတုန်း ~
" မဖြေချင်လဲ မဖြေနဲ့ကွာ " ဆိုပြီး အိမ်ထဲဝင်ဖို့အလုပ် ~
ဘုန်း 💥
အင့် !
လက်ကိုဖမ်းဆွဲလိုက်ပြီး နံရံနဲ့ကျောကို မိတ်ဆက်ခိုင်းလိုက်တဲ့ မိုးဦးကြောင့် ~ လူက လန့်ဖြန့်သွားရာကနေ
အခြေအနေကို သေချာသတိထားကြည့်မိတော့ ~ မိုးဦးက သူ့ခန္ဓာကိုယ်နဲ့ ပိုင်လွန်းကို ပိတ်ထားပြီး နံရံပေါ်လက်ထောက်ကာ ပိုင်လွန်းကို သေချာစိုက်ကြည့်နေတယ် ~

YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...