crushက ကျောင်းမလာပေမယ့်လဲ ကျွန်တော်ကတော့ ကျောင်းလာဖို့တာဝန်ရှိတယ်လေ ။
ကျောင်းပြန်မဖွင့်ခင်ကတည်းက ဖင်တကြွကြွဖြစ်နေခဲ့တာကို crushကြောင့်နဲ့တော့ အိမ်တွင်းပုန်းမနေနိုင်ပါဘူး ။
တာရာ ကိုယ့်အတွေးနဲ့ကိုယ်အရှိန်ကောင်းနေတုန်း ...
" တာရာ မင်း ပိုင်လွန်းနဲ့မိုးဦးကို သတိထားပြီးကြည့်မိလား "
လွင်က တိုးတိုးလေးလာပြောနေတာမို့ ကြားတစ်ချက် ၊
မကြားတစ်ချက် ။" နည်းနည်းလေး ကျယ်ကျယ်ပြောစမ်းပါ လွင်ရာ ပိုင်လွန်းနဲ့ မိုးဦးက ဘာဖြစ်လဲ "
ကျွန်တော့်အသံကြားတော့ သုံးကောင်လုံး မျက်လုံးပြူးပြီး ကျွန်တော့်ကိုကြည့်လာကြသည် ။
ပြီးတော့ လွင်က ကျွန်တော့ခေါင်းကို ရိုက်လိုက်ပြီး
" ချီးပဲ လဒ " တဲ့ ။ ဟော ကျွန်တော် ဘာများလုပ်မိလို့လဲ။
အဲ့ဒီကိစ္စမကျေနပ်ဘူး ။ ကျောင်းရောက်ရင် ရှင်းကို ရှင်းရမယ် ။
ကျောင်းရောက်တော့ ပိုင်လွန်းက အရှေ့ကနေ အမြန်သွားနေတာမို့ ကျွန်တော်သေချာကြည့်နေမိသည် ။
ပိုင်လွန်းက အရှေ့ကနေ အမြန်သွားနေပြီး မိုးဦးက အနောက်ကနေ လိုက်နေတဲ့ပုံစံဖြစ်နေတာမို့ ဘေးနားက လွင့်ကို လက်တို့လိုက်ပြီး
" ဟျောင့် ဟိုနှစ်ကောင်က ဘာဖြစ်နေတာလဲ "
ကျွန်တော့်စကားလဲ ဆုံးရော ကျောကုန်းပေါ်ရောက်လာတဲ့ လွင့်ရဲ့ လက်ချက်ကြောင့်"အားး ! " သေအောင်နာတယ်ဟ ။
" သေပြီလား "
" လွင် မင်းလွန်လာပြီနော် ငါအကောင်းပြောနေတဲ့ဟာကို ငါ့ကိုဘာလို့လာလာရိုက်နေရတာလဲ "
" သေလေ ငါ ကျောင်းကားပေါ်မှာ ကတည်းက ပြောနေတာကို မင်းထအော်တာနဲ့ ဟိုနှစ်ကောင်အကြောင်း ဘာမှဆက်မပြောဖြစ်တော့တာမဟုတ်ဘူးလား "

ESTÁS LEYENDO
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Novela JuvenilStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...