ကျောင်းကား ပေါ်မှာ လွင် မရှိတော့ ကျွန်တော်
တော်တော်လေးကို အားငယ်မိတယ် ~ ဘေးနားက
သောက်အလိုက်ကမ်းဆိုး မသိတဲ့ rsကြောင့်ပေါ့ ~ကျွန်တော့်မှာ တစ်ကိုယ်တည်း ကြောင်တောင်တောင်ကြီး
ဖြစ်နေရှာတာ ~ သူတို့နှစ်ကောင်ကို ကျွန်တော်မပြောနဲ့ တစ်ကားလုံးကတောင် အမြင်ကတ်ကြတယ်ကျွန်တော်တို့၎ယောက်ရဲ့ အာပေါင်အာရင်းနဲ့ LGBTအကြောင်းကို တစ်ခမ်းတစ်နား ရှင်းပြထားတာကြောင့် ~
ထိုအရာကို လက်ခံပေမယ့် ~ နှစ်ယောက်ထဲ ရှိသလို roနေကြတဲ့ မိုးလွန်း couple ကိုတော့ ကြည့်မရ ~
မနက်ဆို သူ့အိမ်ကနေ ရှိသမျှ မုန့်တွေသယ်လာ ~
ပြီးတာနဲ့ ပိုင်လွန်းကို ခွံ့ကျွေးပြီး သောက်လုပ်ရှုပ်ပြနေ
တတ်တဲ့ မိုးဦး ~ဟိုကလဲ ဘယ်ကတည်းက ငတ်လာလဲ မသိဘူး ~ ခွံ့ကျွေးသမျှ နင်းကန်စားနေတာများ ဖြတ်ရိုက်ပစ်ချင်စရာ ~
တကယ်ဆို မုန့်တွေအများကြီးလေ ~ ကျွန်တော့်ကိုလဲ
ကျွေးသင့်တာပေါ့ ~ အိမ်းးး မုန့်စားချင်လို့ မဟုတ်ပါဘူး
ကျွေးသင့်တယ်ဆိုတာ ပြောချင်တာ ~ဟိုအကောင် ပိုင်လွန်းကလဲ သူ့ရုပ်သူ့ရည်မှ မထောက်
မိုးဦးကို သဲလေး သဲလေး နဲ့ သူ့ကိုယ်သူလဲ ကိုကိုဆိုပဲ ~ရှမ်းတရုတ် စပ်တာမို့ ဖြူနေတဲ့ အသားအရည်ရယ် ရယ်လိုက်ရင် မှိတ်သွားတဲ့ မျက်လုံးရယ် ~ နှုတ်ခမ်းနီဆိုးစရာမလိုပဲကို auto ပန်းရောင်ထနေတဲ့ နှုတ်သီးရယ် -,-
မိုးဦး ထက် တစ်လက်မပုတဲ့ အရပ်နဲ့ ယောက်ျားလေးတစ်ယောက်လို ထောင်ထောင်မောင်းမောင်း မဟုတ်ပဲ
တစ်ဖြောင့်ထဲ လာပြီး တင်မှာလာကောက်နေတဲ့ bodyလေးကိုမှ လက်လေးတွေခြေလေးတွေက ကလေးပေါက်စလို သေးသေးလေး ဖြစ်နေတဲ့ ပိုင်လွန်းခန့် က ~
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...