💛 အပိုင်း ၁၄ 💛

32.9K 3.3K 118
                                    

မိုးဦးတို့အိမ်​က​နေ ပြန်​လာ​တော့ ​ရေမိုးချိုး ထမင်းစားပြီး ~
ကိုးရီးယားကားထိုင်​ကြည့်​​နေလိုက်​တာ ~

အမက အိပ်​​တော့မယ်​ဆိုမှ နာရီလှမ်းကြည့်​မိတယ်​ ~ ၉နာရီ​တောင်​ခွဲ​တော့မှာပဲ ~ ​စော​စောအိပ်​ရမယ်​ မဟုတ်​ရင်​ မနက်​ကျ ပန်​ဒါမျက်​လုံးဖြစ်​​နေမှာ ~

TVပိတ်​ပြီး အခန်းထဲ ဝင်​လာလိုက်​တယ်​ ~ ကုတင်​​ပေါ်
လှဲလိုက်​ပြီး အားသွင်းထားတဲ့ phကြိုးကိုဖြုတ်​ ~
phလှမ်းယူလိုက်​တယ်​ ~

Line​လေးခဏဖွင့်​လိုက်​​တော့ က​တောင်​ က​တောင်​နဲ့
မြည်​လာတဲ့အသံ​တွေ​ကြောင့်​ ~ messenger ထဲပဲ တစ်​ခါတည်းဝင်​ကြည့်​လိုက်​တယ်​ ~

GPတစ်​ခုတိုး​နေတာပါလား ~
Aww ​နေ့ခင်းက လွင်​​ပြောတဲ့ gpအသစ်​ဖြစ်​မယ်​ ~

သေချာတာ​ပေါ့ ~ gp member​တွေထဲမှာ
'​ Kaung Kin Yan ' ဆိုတဲ့ နာမည်​​လေးက
အထင်းသား ~

မီးစိမ်း​လေး ​ပေါ်​နေတာပဲ ~ စကား​ပြောကြည့်​လိုက်​ဦးမယ်​ဆိုပြီး gpထဲကို sticker​လေး အရင်​ပို့လိုက်​တယ်​ ~

Arrrr !! အလုံး​လေး ကျလာပြီ ~

( seenဖြစ်​သွားရင်​ profile အလုံး​လေးကျလာ
တယ်​​လေ 😂 )

1min
2min
3min
4min
5min

ဟာ ~ ​ဒေါသ​တွေ​ထောင်းကနဲ ထွက်​လာတာနဲ့အတူ ~
ထပ်​ပြီး ပို့လိုက်​တယ်​~

' Hi '

ဟော seenဖြစ်​သွားပြီ ~

ကြည့်​​နေရင်းနဲ့ မီးစိမ်း​လေးက ​ပျောက်​သွားပြီ ~

အနီးနားမှာရှိလို့က​တော့ ဆံပင်​​မွှေး​တွေအကုန်
ဆောင့်​ဆွဲပြစ်​တယ်​ ~ Arrrr !

ထိုညက ​ဒေါသ​တွေနဲ့ အိပ်​ရလို့လားမသိ အိပ်​လို့မ​ပျော်​ ~
လူးလွန့်​​နေရင်း အချိန်​​တော်​​တော်​ကြာမှ အိပ်​​မောကျသွားခဲ့တယ်​ ~

မနက်​​ရောက်​​တော့ ​ကျောင်းကား​ပေါ်မှာ ကလူကျီစယ်​​နေတဲ့ မိုးဦးနဲ့ပိုင်​လွန်း ~

ဘေးနားက လွင်​ကို မျက်​စိမှိတ်​ အချက်​ပြလိုက်​ပြီး ~ ပူးကပ်​​နေတဲ့ မိုးဦးနဲ့ ပိုင်​လွန်းကြားဝင်​ထိုင်​လိုက်​တယ်​ ~

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now