ဒီနေ့ ရုံးပိတ်ရက်မလို့ အဖေရော အမပါ
အိမ်မှာရှိနေကြတယ်။" သား တာရာ လာထိုင်ဦး "
အဖေခေါ်လို့ သွားထိုင်မယ်လုပ်တော့ အဖေ့ဘေးမှာ
ထိုင်နေတဲ့ အမကြီးမျက်နှာကို တစ်ချက်
ကြည့်လိုက်မိတယ်။မျက်လုံးတွေအစ်ပြီး နှာခေါင်းလဲ နီရဲနေတာပဲ ~
ငိုထားတာလား ? ဘာလို့လဲ ?" သားကို အဖေ မိန်းမပေးစားမလို့ "
ဒိန်း !💢ဆို နွေခေါင်ခေါင်မှာ ကိုယ့်ခေါင်းတည့်တည့်ကိုမိုးကြိုးပြစ်ချလိုက်သလိုပဲ ။
" အင့် .. ဖေကြီးကလဲ အင့် .. မောင်လေးက
ငယ်ပါသေးတယ်ဆိုနေ .. အင့် .. "Awwမကြီးက ဒီကိစ္စကြောင့် ငိုနေတာလား ~
" ဘယ်သူနဲ့လဲ အဖေ သားနဲ့ သိလား "
သိနေတဲ့သူသာဆို နည်းနည်းပါးပါး ညှိယူလို့ရနိုင်မယ်
ထင်တယ်။" သားနဲ့ မသိလောက်ဘူး ~
အဖ့သူငယ်ချင်းဆိုပေမယ့် လည်း
အဖေနဲ့တောင်ပြန်တွေ့တာ သိပ်မကြာသေးဘူး မို့လို့ "" ဗျာ သားကို အဖေ့သူငယ်ချင်းနဲ့ ပေးစားမှာလား !
ဟာ ဒါကြီးကတော့ မဖြစ်နိုင်ဘူးနော်အဖေ ။အဲ့လိုအိုကြီးအိုမနဲ့ သားမယူဘူးနော် မယူနိုင်ဘူးနော်"
" ဟာ ပေါက်ကရ အဖေ့သူငယ်ချင်းဆိုတာ
ယောက်ျားလေး သားရ ..."" ဟာ အဲ့ဒါပိုဆိုးသွားပြီ အဖေရာ ယောက်ျား
ပေးစားချင်လဲ ကြိုပြောပါ့လား သားဘာသာ ရှာယူမှာပေါ့အခုလို အသက်ကြီးကြီးနဲ့တော့ မပေးစားပါနဲ့ဗျာ "
" ငါ့စကားကိုလဲ ဆုံးအောင်နားထောင်ဦးလေ
ကြယ်တာရာရဲ့ !! "😖 နာမည်အပြည့်အစုံ ခေါ်နေပြီဆိုတော့
အဖေ့ဒေါသတွေ မိုင်ကုန်ထွက်နေပြီပဲ ။" ငါ့သူငယ်ချင်းရဲ့ သမီးလေးနဲ့ ပေးစားမှာ ။ ပြီးတော့
အဖေ့က သားကိုစဉ်းစားကြည့်ဖို့ ပြောပြတာပါ
သားလက်ခံလိမ့်လို့ အာမ မခံခဲ့ပါဘူး။
![](https://img.wattpad.com/cover/143281959-288-k316549.jpg)
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...