ဒီနေ့ Second year စတက်ရမည့်နေ့ ။
တစ်နည်းအားဖြင့် ကျွန်တော်တို့လေးယောက် ကျောင်းမှာ စတင်ဂယက်ထရမည့်နေ့ ။ကျောင်းကားစီစဉ်ထားပြီးသားမို့ ကျောင်းသွားမယ့်လမ်းမှာ ဘာအနှောင့်အယှက် အတားအဆီးမှမရှိ ။
ကျောင်းကားပေါ်မှာလဲ ကျွန်တော်တို့အသံကြီးပဲ ။
ကျွန်တော်တို့ကျောင်းကားပုံစံက mini busပုံစံမျိုးလေးဆိုတော့ နောက်ဆုံးတန်းမှာ ကျွန်တော်တို့ လေးယောက်ထိုင်ကြသည် ။ကားပေါ်မှာ မိန်းကလေးတွေက ပိုများတာမို့လို့ ထိုင်ခုံနေရာ သေချာရအောင် ဖယ်ရီခေါင်းဆောင်ကို အရင်ပြောထားရသည် ။
ဒါတောင် သူက အင်တင်တင်နဲ့ ။ ဘူးတာကလဲ ဘူးတာပေါ့။ ပိုက်ဆံပေး စီးတာချင်းအတူတူ ယောက်ျားလေး တွေက ခုံနေရာအတည်တကျမရှိပဲ နေရာမရှိတော့ရင် မတ်တပ်ရပ်ရမယ်ဆိုတာကြီးကတော့ သိပ်မကြိုက် ။
ပြောလိုက်ရင်လဲ လေတီဖက်စ်ဆိုတာကို အမည်ခံ ပြီး ဘူးထနေကြတာ ။ တော်ရုံတန်ရုံပဲ ကောင်းတယ်လေ ။
ထိုင်ခုံနေရာကို မရမက ပြောပြီးတော့မှ နောက်ဆုံးခုံမှာ ကျွန်တော်တို့လေးယောက် ထိုင်ဖြစ်ခဲ့သည် ။
ကျွန်တော်တို့လေးယောက်က တစ်ယောက်တစ်နေရာစီ နေကြတာမလို့ ကျွန်တော်တို့နေရာတွေကို ပတ်ပြီးခေါ်တဲ့ ကားကိုပဲ လိုက်စီးသည် ။
သူတို့ပတ်ပြီး ခေါ်ရအောင်လဲ ရပ်ကွက်ထဲက သိဖူးမြင်ဖူးတဲ့ ကျောင်းက ကျောင်းသူကောင်မလေးချောချောလေးတွေနဲ့ မျှားရတာပေါ့လေ ။
ဖယ်ရီကားက အရင်ဆုံး မိုးဦးဆီသွားသည် ။
ပြီးရင် ပိုင်လွန်း ၊ ပြီးတာနဲ့ လွင်နဲ့ကျွန်တော့်ကို လာခေါ်သည် ။လွင်နဲ့ ကျွန်တော်က ဟိုဘက်ရပ်ကွက် ၊ ဒီဘက်ရပ်ကွက်မှာနေကြတာမို့ လွင်က ကျွန်တော်တို့ရပ်ကွက်ကို တကူးတကလာပြီး ဖယ်ရီလာစောင့်သည် ။
YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...