💛 အပိုင်း ၁၁ 💛

33.5K 3.1K 45
                                    

ကျောင်းကား​ပေါ်ကို ကျွန်​​တော်​တက်​လာ​တော့ ~ မိုးဦးဆီက တစ်​စုံတစ်​ခု ​ပြောဖို့ဟန်​ပြင်​​နေတဲ့ပုံစံကို ~
မျက်​လုံး​ထောင့်​က ​တွေ့လိုက်​တာမို့~

သူနဲ့ ဆန့်​ကျင်​ဘက်​ ခုံမှာထိုင်​ ~ နားကြပ်​​လေးတပ်​ပြီး
အိပ်​ချင်​​ယောင်​​ဆောင်​​နေလိုက်​တယ်​ ~

တောင်းပန်​ပါတယ်​ မိုးဦး ~ အခုချိန်​မှာ မင်းဆီက နာကျင်​​ရမယ့်​စကား​တွေကို ငါကြားရဖို့ ခံနိုင်​ရည်​ မရှိ​သေးတာမို့ ~ ငါ့ကို ဒီတိုင်း တစ်​​ယောက်​တည်း လွှတ်​ထား​ပေးလိုက်​ပါကွာ ~~

ခဏကြာ​တော့ တာရာနဲ့လွင်​ တက်​လာတယ်​ ~ နားကြပ်​သာ တပ်​ထားတာ ~ ဘာသီချင်းမှ မဖွင့်​ထားတာမို့ ~ သူတို့ ဘာ​ပြော​နေလဲ ဆိုတာ အတိအကျ ကြား​နေရတယ်​​လေ ~

" မိုးဦး အဆင်​မ​ပြေ​သေးဘူးလား " ဆိုတဲ့ တာရာ့ဆီက
မေးခွန်းအဆုံးမှာ ~

ဟူးးး ဆိုတဲ့ သက်​ပြင်းချသံကို ကျွန်​​တော်​ ကြားဖြစ်​​အောင်​ ကြားလိုက်​ပါ​သေးတယ်​ ~

တောင်းပန်​ပါတယ်​ မိုးဦး ~ ငါလဲ အဆင်​​ပြေချင်​တာ​ပေါ့ကွာ ... ဒါ​ပေမယ့်​ မင်းဆီက မ​တော်​တဆပါဆိုတဲ့ ~ အသံကို ကြားရရင်​ ငါ့ရင်​ထဲက ​သေ​အောင်​နာကျင်​ရတာ

~ မျက်​ရည်​မကျမိ​အောင်​ မနည်းထိန်းထားရတာ ငါအသိဆုံး ~ မင်းနှုတ်​ခမ်းက ဘယ်​လို စကားလုံးမျိုး ထွက်​လာမလဲ ဆိုတာကိုပါ အသိဆုံးမို့လို့ ~ ငါအဆင်​မ​ပြေဘူး မိုးဦး !

လွန်း ~ ငါဘယ်​က​နေဘယ်​လို စကားစရမှန်း​တောင်
မသိတဲ့ အ​ခြေအ​နေတစ်​ခုမှာ ~ မင်းက ​အေးတိ
အေးစက်​​နေ​နေ​​တော့ ~ ငါဘာဆက်​လုပ်​ရမလဲကွာ ~

" ပိုင်​လွန်းကလဲ မင်းကိုကြိုက်​​နေတာ " လို့ ​ပြောခဲ့တဲ့ တာရာနဲ့လွင့်​ရဲ့ စကား ~ မှန်​ပါ​စေလို့ ဆု​တောင်း​နေရုံကလွဲ ပြီး ငါဘာမှမတတ်​နိုင်​​တော့ဘူး လွန်းရာ ~

ကျောင်းကား​ပေါ်က​နေ ဆင်းပြီး ​ကျောင်းအခန်းထဲဝင်​ချိန်​ထိ ~ မိုးဦးနဲ့ မျက်​နှာချင်းမဆုံမိ​အောင်​ ပိုင်​လွန်းကြိုးစားခဲ့တယ်​ ~

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now