Canteen မှာ ပြောခဲ့တဲ့ ယံ့ရဲ့ စကားကြောင့် အခုထိ
စိတ်နဲ့ကိုယ်မကပ်နိုင်သေး ~ယံကတော့ ပြုံးပြုံးလေးနဲ့ ဒီအတိုင်းပြောသွားနိုင်ပေမယ့်
နားထောင်လိုက်ရတဲ့ ကိုယ့်မှာတော့ ~နှလုံးအခုန်မြန်ပြီး ပေါက်ထွက်လာတော့မလို ~
Canteenက ထွက်လာတော့လဲ အယောင်ယောင်အမှားမှားနဲ့ ပိုက်ဆံမရှင်းပဲ ထွက်လာမိတယ် ~ပိုင်လွန်း ပြောတာကတော့ ယံ ရှင်းပေးလိုက်တယ်တဲ့ ။
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဆို သူ့ကို ဆွဲဖက်လိုက်ပြီး
" ယံ ငါ့ကိုချစ်လား " လို့ မေးလိုက်ချင်တယ် ။လောဆယ် သူ့စိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေတော့လဲ ~
Arrrr ရင်ထဲမှာ တဒုန်းဒုန်း တဒိန်းဒိန်း နဲ့ သေတော့မှာပဲအတန်းချိန်တွေပြီးသွားတော့ ဖယ်ရီရပ်ထားတဲ့နေရာအထိ သူနဲ့အတူလမ်းလျှောက်ပြန်လာခဲ့တယ် ။
ထီးပါလာပေမယ့် တမင်မထုတ်ဖြစ်သော်လည်း
နေမကောင်းတာမို့ဆိုပြီး ထီးဆောင်းပေးကာခေါင်းပေါ်လက်လေး တင်ထားပေးပြန်တဲ့ သူ့အပြုအမူတွေကြောင့် နေမကောင်းအကြီးအကျယ်ဖြစ်ချင်စိတ်
တွေတောင် ပေါက်လာတယ် ။ကားပေါ်ရောက်တော့ အချိန်တော်တော်ကြာ အောင့်အီး သည်းခံကာ တိတ်ပေးနေခဲ့တဲ့ မိုးလွန်း တို့နှစ်ယောက်
စတင်ပေါက်ပေါက်ဖောက်ပါပြီ ~
" ငါ ကောင်းကင်ယံ ကို မသင်္ကာဘူး "
" ပြောတာကိုက ရိုက်သတ်ချင်စရာ "
" ဟာ လွန်းကလဲ ကို ပြောတာ အမှန်ပဲကို "
" ထားပါ ~ ဒါနဲ့ တာရာ "
" အင်း "
" ကောင်းကင်ကလဲ မင်းကို စိတ်ဝင်စားနေတယ်လို့
ငါထင်တယ် "" အေး ငါလဲ ထင်တယ် "
" တကယ်လို့ ... သူက ငါ့ကို ညီလေးတစ်ယောက်လို ချစ်တာဆိုရင်ရော ? သူက တစ်ဦးတည်းသော သားလေ

VOUS LISEZ
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Roman pour AdolescentsStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...