ညနေက နေပူပူကြီးထဲ လသာနေခဲ့တာမို့ ညရောက်
တော့ ~ နှာခေါင်းရောဂါကထလာပြီ ~" ငယ်လေးရေ ထမင်းစားလို့ရပြီ "
" ဟုတ် ဟပ်ချိုး ! ဟုတ်ကဲ့ ဟပ်ချိုး ! ဟုတ်ကဲ့ မကြီး ဟပ်ချိုး ! "
" ဟဲ့ ဘယ်လိုတွေဖြစ်လို့ အသည်းအသန်နှာချေနေတာလဲ ~ မှန်းစမ်း နေမကောင်းဘူးလား ~
ဟာ အငယ်ကောင် နင် ကျောင်းမတက်ပဲ ဘယ်တွေ
သဝေထိုးနေလဲဟမ် "" ဘာဆိုင်လို့လဲ မကြီးကလဲ ~ ပြီးတော့ ကျွန်တော်
ဘယ်မှ မသွားပါဘူး ~ "" ဟဲ့ အဲ့ဒါဆို ကျောင်းကို ဖယ်ရီနဲ့သွားပြီး နေမထိ လေမထိ အခန်းထဲနေရမယ့် ကျောင်းသားက ဘာလို့
ကိုယ်ပူနေရတာလဲ ပြော ! ပြောလေ ! "" ဟမ် ကိုယ်ပူနေလို့လား " ဆိုပြီး အထိတ်တလန့်  ကိုယ့်နဖူးပေါ် ကိုယ်ပြန်စမ်းမိတော့ ~
" ဟာ မကြီးကလဲ သိပ်မပူပါဘူး ခပ်နွေးနွေးလေးပဲ ရှိသေးတာကို .. ပြီးတော့ ဒီနေ့ ထီးမေ့ကျန်ခဲ့လို့ပါ ~ ဒီနေ့မှ နေ ကလဲအသေပူတော့ "
" ဟဲ့ ခပ်နွေးနွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ်ပူတာက ပူတာပဲလေ ! ပြောနေကြာပါတယ် လာ အောက်မှာ ထမင်းလာစား ပြီးရင် ဆေးသောက်ပြီး အိပ်တော့ ~ "
" ဆေးတွေက ဒီတစ်ခါ ဘယ်နှစ်လုံးလဲ "
" တစ်လုံးထဲ ! ဒီအချိန်ကြီး ငါလဲ အပြင်ထွက် မဝယ်ရဲတာမို့ သိပ်စိတ်ပူမနေနဲ့ ရော့ ဘိုင်အိုဂျက်စစ်ပဲရှိတယ် ~
ဒီမှာ တင်ထားမယ် ထမင်းစားပြီး သောက်ဖြစ်အောင်သောက်နော် ~ မနက်ဖြန်မှ နေမကောင်းသေးရင်
ကျောင်းမသွားရဘူး မှတ် ! "
" အာ .."
" အာ တွေ အယ် တွေလာလုပ်မနေနဲ့ နေကောင်းအောင်သာနေ ကြားလား "
" ဟုတ် "
ထမင်းစားပြီး ဆေးသောက် အိပ်တော့မယ်လို့ ကြံကာမှ
ဗိုက်က အောင့်လာတာမို့ ph ယူပြီး အိမ်သာထဲ အမြန်ဝင်ရတယ် ။

YOU ARE READING
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Teen FictionStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...