ဒီနေ့တော့ ကျောင်းတက်ရမယ်လေ ~ ပထမဆုံးကျောင်းစတက်ရတာ ဘယ်နှစ်ရက်မှ မရှိသေး ~ နေမကောင်းလို့
ဆိုပြီး တစ်ပတ်လောက် ကျောင်းပျက်ထားတာမလား~စာတွေက အစဆိုပေမယ့်လည်း သူ့ဟာနဲ့သူ ခက်နေပြီမို့်
ဒီနေ့တော့ မတက်လို့ မဖြစ် ~" piglessမ လာသေးတယ်ပေါ့လေ ~ ဟမ် ~
Pigless! !!! "" ဘာတုန်း ~ ဘာဖြစ်တာတုန်း မြွေကိုက်သလား
ကင်းကိုက်သလားပြော "" တိတ်စမ်း ! နင့်အခွက်က ဘာဖြစ်လာတာလဲ ~ မနေ့က အကောင်းကြီးပါ ~ ဒီနေ့ကျမှ မျက်နှာက ဘာလို့ သေခါနီးရုပ်ဖြစ်နေရတာလဲ ဟမ် ပြောစမ်း ကောင်မစုတ် "
" hee ငါ မိတ်ကပ်ပြင်လာတာလေ ~ နေမကောင်းတဲ့
ပုံစံပေါက်အောင် လိမ်းထားတာ ~ ဘယ်လိုလဲ
တူတယ်မလား "" အေး တူတယ် ~ အသုဘက မသာကမှ နင့်ထက်
သာဦးမယ် ~ နင်ဟာလေ နိမိတ်မရှိတာတွေ သိပ်လုပ်တာပဲ ~ ဖျက်စမ်း အဲ့ဒီ မိတ်ကပ်တွေ ~လိမ်းလာစရာကိုမလိုတာ ~ ဘယ်သူကမှနင့်ကို
နေမကောင်းဖြစ်နေတဲ့သူက အာ့လို မသာကောင်လိုမျိုး
မျက်နှာဖြစ်နေရမယ်လို့ မပြောဘူး "" ပြောလဲ ဂရုမစိုက်ပါဘူး ~ ငါ အခု လိမ်းလာတယ်ဆိုတာက 'လွင့် ´ကြောင့် "
" ဟမ် ? သူနဲ့ ဘာဆိုင်လို့လဲ ကောင်မစုတ်ရယ် "
" ဆိုင်တယ်ဟေ့ ဆိုင်တယ်ဟ ~ မနေ့က ငါline ပြန်သုံးတော့ ~ သူငါ့ဆီ ဘာစာမှ မပို့ထားဘူး ~ ဒါပေမယ့် သူ့wallထဲမှာတော့ feel status တွေ shareထားတယ်ဟ ~ "
" အဲ့ဒါဘာဖြစ်လဲ 😒 "
" ကြည့်ရတာ ငါ့ကို စကားလာမပြောရဲလို့နေမှာဟ ~
ပြီးတော့ သူ့ share postတွေရဲ့အောက်က comment တွေကို ငါလိုက်ဖတ်တော့ ~ ဒီနေ့
ငါကျောင်း တက်မတက်လာကြည့်မယ်တဲ့လေ hee "" အဲ့ဒါနဲ့ပဲ အခုလို သားစိတ်မယားစိတ် ကုန်အောင်
မသာပုံစံမိတ်ကပ်တွေ လိမ်းလာတယ်ပေါ့လေ "

ŞİMDİ OKUDUĞUN
အချေလွန်သော Crush 😈 အချစ်လွန်သော ကျွန်တော် 😒 ( Completed )
Genç KurguStraight စစ်စစ်လို့ခံယူထားရာကနေ သူငယ်ချင်းကောင်းမှုကြောင့် Fundanshi ဖြစ်ရာက ~ ကောင်လေး တစ်ယောက်ကို မြင်မြင်ချင်း သဘောကျမိသွားသောအခါ ထိုကောင်လေးက straight စစ်စစ်ဖြစ်နေပြီး အနေအေးရုံသာမက မကြာသေးခင်ကပင် အသည်းကွဲထားတဲ့သ...