Opposite
Ep_4ဟက်ဟက်ပက်ပက်ကို ရယ်မောနေသော မင်းခန့်ဇေ ပုံရိပ် .....ပါးချိုင့်လေးတွေ ခွက်သွားတဲ့အထိ ရယ်မောနေသည် ။
မီးခိုးရောင် ဆံပင်လေးတွေ လှုပ်ခါသွားတဲ့ အထိ အူလှိုက်သဲလှိုက် ရယ်မောနေသည် ။ယောကျာ်းလေးတစ်ယောက် ရယ်နေတဲ့ပုံက
အဲ့လောက်ထိ လှစရာလိုလို့လား ??ဇေ ရယ်တာ တစ်ခါမှ မမြင်ဖူးခဲ့ ။
အချိန်ပြည့် မျက်နှာက အေးစက် တည်ကြည်နေခဲ့သည် ။ နည်းနည်းလေးတောင် ပြုံးတာ မမြင်ဖူးခဲ့ ။
ပါးချိုင့်ရှိမှန်းတောင် မသိတဲ့အထိ မျက်နှာသေနဲ့ နေခဲ့တဲ့ သူက အခုလို အားရပါးရရယ်မောနေတော့ စိတ်ဆိုးရမည့်အစား ရှင်မင်းထိုက် ငေးမောကြည့်နေမိသည် ။"မင်းအမြဲဒီလို ရယ်နေပါလား ဇေ "
"အာ ငါက ဂျိုကာလား အမြဲရယ်နေရအောင် "
"မဟုတ်ဖူးလေ ဒီတိုင်း မင်းရယ်နေတော့ ပိုပြီး ချောတယ် "
"ဟမ် ! "ဟိုက် သေစမ်း ရှင်မင်းထိုက် ဘာတွေသွားပြောမိတာလဲ ။
"အိပ်ပြီ "
ရှက်ရမ်းရမ်းပြီး ထိုက်ထိုက်က သူ့ကိုယ်ကို အနည်းငယ်လျှောကာ အနောက်မှီပေါ် ခေါင်းတင်ပြီး မျက်လုံးတွေမှိတ်ထားသည် ။
ထိုက်ထိုက်ဆိုသော ကောင်လေးသည် တစ်ခါလေ ရူးကြောင်ကြောင်တွေ တွေးလွန်းသည် ။"ဟေ့ကောင် ထိုက်ထိုက် ထတော့ ရောက်ပြီ သေမနေနဲ့ "
"ဟမ် အင်း ကျွတ်စ် အိပ်ရေးတောင် မဝသေးဘူးကို "
"မင်းအိမ်ရောက်မှ အိပ် "အိမ်ရောက်တော့ ရှင်မင်းထိုက် လိုင်းသုံးနေရင်း messenger မှ noti တတ်လာသည် ။
"တင် "
ဖွင့်ကြည့်လိုက်တော့ ဟိုခေါင်းအဖြူကောင်ဆီက ထူးထူးဆန်းဆန်း စာတွေဘာတွေပို့လို့ ။
MKZ : "မင်းလက်ကို ဆေးထည့်လိုက်ဦး ထိုက်ထိုက် "
SMH : "OMG ! အနောက်အရပ်က နေထွက်လာတော့မှာလား ? မင်းငါ့ကို ဂရုစိုက်လို့ပါလား "
MKZ : "👊👊👊"ဟုတ်သားဘဲ ကျွန်တော်ဘာလို့ သူများကိစ္စ စိတ်ဝင်စားမိသွားရတာလဲ ! ပုံမှန်ဆို ကိုယ့်လက်ထိခိုက်မိတာမှာမဟုတ်တာ တခြားသူဘဲဟာ လက် သွေးထွက်ရုံမကလို့ ပြတ်ပြတ် ကျွန်တော်နဲ့ ဘာဆိုင်လဲ ..
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]