6.

9.3K 784 20
                                    

Opposite
Ep_6

မင်းခန့်ဇေ ခြံထဲဆင်းကာ ခြံစောင့် ဦးလေးကို မှာစရာရှိတာ မှာနေရသည် ။
ပိတ်ရက်မို့ ထိုက်ထိုက် လာမည် ဆိုသောကြောင့်ဖြစ်သည် ။

"ဦးလေး ထိုက်ထိုက်လာရင် အပေါ်ကို လွှတ်လိုက်နော် ကျွန်တော် အပေါ်ထပ်မှာ ရှိမယ် "
"စိတ်ချ စိတ်ချ လွှတ်လိုက်မယ် "

အပေါ်ထပ် တတ်လာကာ ကွန်ပျုတာ စားပွဲရှေ့ထိုင်ရင်း နားကြပ်တတ်ကာ နာရီကြည့်လိုက်တော့ ....

၉ နာရီ ။

၈ နာရီ လာမယ်ပြောထားတာ ဒင်းနာရီက ခုထိ ၈ နာရီမထိုးသေးဘူးထင်တယ် !

ဂိမ်းဖွင့်ပြီး ဂိမ်းထိုင်ဆော့နေတာ ၁၁ နာရီပင်ထိုးသွားသည် ။ ရှင်မင်းထိုက်ဆိုတဲ့ လူသားကတော့ အရိပ်အယောင်ပင် မတွေ့ရ ။ ရာသီဥတုပူနေတာကြောင့် ရေချိုးခန်းထဲဝင်ကာ ၁၀ မိနစ်လောက် ရေစိမ်နေမိသည် ။

"အားးးး အမေရေ ကယ်ပါဦး မြွေ !!!! အားး မင်းခန့်ဇေရေ ဘယ်မှာလဲ ငါ့ကိုကယ်ပါဦး "

ရေချိုးဇလုံထဲ ခဏမှေးမလို့ကြံကာမှ တစ်လောကလုံးကြားအောင် အသံဗြဲကြီးနဲ့ အော်နေသော ထိုက်ထိုက်အသံကြောင့် လိပ်ပြာလွင့်မတတ်ဖြစ်သွားသည် ။ ထိုက်ထိုက်ဆိုသည်မှာလည်း လူကမရောက်သေးဘူး ပြသနာကအရင် ရောက်သည် ။

ခါးအောက်ပိုင်းကို သဘက်အမြန်ပတ်လိုက်ပြီး ထွက်လာတော့.....

"ကျွတ်စ် ထိုက်ထိုက်ရာ ဘာတွေသောင်းကျန်းနေတာလဲ "
"ဇေ ရေ ငါ့ကို ကယ်ပါဦး ! "

ပြောပြောဆိုဆို ကျွန်တော့်ကိုယ်ပေါ် ဝုန်းကနဲ ခုန်တတ်ပြီး လည်ပင်းကို သူ့လက်တွေက တင်းကြပ်စွာ တွဲခိုထားသည် ။

"ဟိုမှ မြွေကြီး မင်းအခန်းထဲကို ဘယ်ကမြွေဝင်နေလဲမသိဘူး အားး မြန်မြန်ဖယ်လိုက် "
"ဘာများလဲလို့ကွာ အဲ့တာ ငါမွေးထားတာ"
"ဘာ!!!! ရူးနေလား မွေးစရာရှားလို့ မြွေမွေးစရာလား "

ကြက်တူရွေးသေသွားလို့ ဘာလက်ဆောင် ယူမလဲဆိုပြီး ကျွန်တော့်အသိ  အိမ်မွေးတိရစ္ဆာန် ရောင်းတဲ့ဆိုင်က အတင်းပေးနေတာနဲ့ မထူးဖူးဆိုပြီး မြွေယူလာခဲ့ခြင်း ။ တခြား နူးနူးညံ့ညံ့ သတ္တဝါတွေထက်စာရင် မြွေကိုတော့ ပိုကြိုက်သဖြင့် ဒီတိုင်းယူလာခဲ့လိုက်သည် ။

Opposite Where stories live. Discover now