27.

7K 530 11
                                    

Opposite
Ep_27

ရုပ်ရှင်ရုံထဲတွင် သူ့အိမ်ရောက်နေသည့် အလား နှစ်ခြိုက်စွာအိပ်ပျော်နေသည့် မှန်ကြောင်လေးကြောင့် နှုတ်ခမ်းထောင့်တွေ ကော့တတ်သွားတဲ့အထိ ပြုံးမိပြန်သည် ။
တစ်ဖြည်းဖြည်း အအေးပိုလာတဲ့ လေအေးပေးစက်ကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေသည် ။

မှန်ကြောင်လေးကိုကြည့်လိုက်တော့ တီရှပ်လက်တိုဖြင့် ..

"ကျွတ်စ် "

ချမ်းနေတော့မှာဘဲ ..ရုပ်ရှင်တွေထဲကလို အပေါ်အင်္ကျီချွတ်ပေးရအောင်လည်း သူကိုယ်တိုင်က လက်တိုတစ်ထပ်တည်း ဝတ်လာမိသည် ။ မထူးဘူး ဆိုပြီး တင်းတင်းကြပ်ကြပ်သာ ဖတ်ထားလိုက်မိသည် ။ လူတွေရဲ့ ကိုယ်ငွေ့က နွေးသည်လေ ..။

၂ နာရီခွဲကျော်တော့ ရုပ်ရှင်က ပြီးသွားသည်။ ရုပ်ရှင်ရုံလာပြီး ရုပ်ရှင်မကြည့်ဘဲ အိပ်နေသော မှန်ကြောင်လေးကို စိတ်မဆိုးရက် ။
သူကမှ အိပ်ရေးဝသေးသည်လေ ... ကျွန်တော်ကိုယ်တိုင်လည်း ဘာကားပြသွားမှန်းတောင် သိလိုက်တာမဟုတ်တော့ ....။

"မှန်ကြောင်လေး ထတော့ "
"အင်း "
"ရုပ်ရှင်ပြီးပြီ "
"အွန်း ထပြီ "
"ရင်ပြင်သွားဦးမှာဆို မြန်မြန်သွားမယ်"
"အင်း "

အိပ်ချင်မူးတူးဖြင့် မထချင်ထချင် ထလာရသည့် မှန်ကြောင်လေးက ပါးလေးတွေ ဖောင်းကားနေသည် ။ အိပ်ရေးဝဝအိပ်ထားသည်မို့ မျက်လုံးတွေက မို့အစ်နေသည် ။ အသည်းယားလွန်းလို့ ဖောင်းကားနေတဲ့ ပါးကို သွားဆွဲမိပြန်သည် ။ ကျွန်တော့်လက်ကလည်း အငြိမ်ကို မနေဘူး။

"အု "
"အာ ဆောရီး "

လုပ်ချင်ရာ လုပ်ပြီးမှ ဆောရီးပြောပြီး မျက်နှာတွေရဲလာကာ ထွက်သွားသည့် ဇွဲ ပုံစံက ...

"နေပါဦး ရှက်နေတာလား ? "

သူကဘဲ ရှက်ရတယ်ရှိသေး ။

ရင်ပြင်ရောက်တော့ ရေခဲမုန့်ဆိုင်တွင် ငွေရှင်းကာ အလုပ်ရှုပ်နေသည့် ဇွဲ ကြောင့် အသာလေး လက်မှတ်ရုံသို့ လစ်ထွက်လာလိုက်သည် ။

"အစ်မ ဆိုင်ကယ်ရယ် မိချောင်းရယ် ရိုလာကိုစတာရယ် ၂ စောင်စီပေးပါ "

Opposite Where stories live. Discover now