28.

7.2K 548 9
                                    

Opposite
Ep_28

ရှမ်းခေါက်ဆွဲဆိုင်မှာ ထိုင်ရင်း မီနူးကတ်ကို သူ့ချစ်သူအလား နာရီဝက်လောက် ထိုင်ကြည့်နေသော မှန်ကြောင်လေး ။ စားပွဲထိုးကတော့ စိတ်မရှည်တော့လို့ ထင်သည် ...မှာချင်ရင် ခေါ်လိုက်ပါလို့သာ ပြောပြီး ပျောက်သွားသည် ။

"နာရီဝက်လောက်ရှိနေပြီနော် "
"ဘာစားရမှန်းမသိလို့ ဗိုက်ကတအားဆာနေတာ"
"စားချင်တာကို မြန်မြန်မှာလိုက်လေ "
"အင်း မှာမယ် ဟင် စားပွဲထိုး ဘယ်ရောက်သွားလဲ "
"ထွက်သွားတာကြာလှပြီ "
"ရတယ်လေ ကိုယ့်ဘာသာ သွားမှာလိုက်မယ်"

ခဏကြာတော့ စားပွဲပေါ်သို့ အငွေ့တထောင်းထောင်းဖြင့် လာချသော စားစရာများ ။

"မြှီးရှည်ရယ် ဆန်စီးရယ် ရှမ်းထမင်းချဉ်ရယ် သုံးပွဲတောင်လား ကိုယ်က တို့ဟူးနွေးမှာထားသေးတယ်နော်"
"ကျွန်တော်စားဖို့လေ ဘယ်သူက ဇွဲ အတွက်လို့ ပြောလို့လဲ "
"ကုန်ပါ့မလား "
"အာ ကုန်တာပေါ့ ဗိုက်ဆာနေပါတယ်ဆို"
"ဟုတ်ပါပြီ "

ကျွန်တော်စားမည့် မြှီးရှည်ပန်းကန်ကိုယူပြီး တူတစ်စုံဖောက်ကာ ကျကျနန နယ်ပေးနေသည် ။ အသေးစိတ်ကအစ လိုက်ဂရုစိုက်နေသော ဇွဲ ကြောင့် ရိုက်သတ်ချင်လာသည် ။

မချစ်ရင်လည်း အဖက်မလုပ်နဲ့လေ ...
ဂရုစိုက်မှုတွေကြောင့် လူကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာမျိုး မကြိုက်ပါဘူး !

"ရော့ စားတော့ "
"အင်း "

အရသာရှိလှသော မြှီးရှည်အစွမ်းကြောင့် ဇွဲကို ခဏမေ့သွားသည် ။ မြှီးရှည်ကုန်တော့ ဆန်စီးက နယ်ပြီးသားဖြစ်နေသည် ။ အဲ့တော့မှ ဇွဲ ကို သတိရကာ မော့ကြည့်လိုက်တော့ ငါးကင်ကို အရိုးနွှင်နေသည် ။ ကျွန်တော့်ကိုလည်း ပြုံးပြီး ကြည့်နေသလိုလို ...စိတ်ထင်လို့ဘဲလား ။

အဲ့တော့ ဇွဲ က ကျွန်တော့်အပေါ် ခံစားချက် ရှိတာလား မရှိတာလား ?

ခင်များကျွန်တော့်ကို ချစ်လား လို့သာ မေးလိုက်ချင်တော့သည် ။

"တို့ဟူးနွေးတွေ အေးကုန်ပြီ "
"အင်း စားမယ် ပြီးခါနီးပြီ "

ရေနွေးခရားထဲက ရေနွေးတွေကို ရေနွေးခွက်ထဲ ထည့်ပြီး မှန်ကြောင်လေးကို ပေးလိုက်တော့ မျက်လုံးဝိုင်းလေးတွေဖြင့် ပြန်ကြည့်ကာ လှမ်းယူလိုက်သည် ။ နဂိုကတည်းက ဖောင်းနေသည့် ပါးနှစ်ဖက်တွင်လည်း ဆန်စီးများအပြည့် ။

Opposite Where stories live. Discover now