29.

7.8K 526 16
                                    

Opposite
Ep_29

အတော်လေး မူးနေပြီမို့ နှစ်ယောက်လုံး ခေါင်းတောင်မထူနိုင် ။ ကောင်းကတော့ မမူးပါ ....မူးချင်ယောင်ဆောင်ပြီး ဇွဲ ရင်ခွင်ထဲ တိုးဝင်နေခြင်း ။

"ပြန်ကြမယ်လေ ဇွဲ "
"မပြန်ချင်သေးပါဘူး "
"နေဦး သံပရာရည်သောက်လိုက်ဦး ဇွဲ တအားမူးနေတယ် "
"ကိုယ်မမူးပါဘူး မှန်ကြောင်လေးရာ "

ဘယ်ငမူးကမှ မူးတယ်လို့ မပြောတာကိုတော့ တကယ်အံ့ဩတယ် ။
အခုလည်းကြည့်လေ ဒီလောက် မူးရူးနေတာကိုတောင် မမူးဘူး ပြောနေသေးတယ် ။ ဂျယ်လီတွေနင်ပြီး တစ်ယောက်တည်း အပြင်စားတွေ သောက်ထားပြီးတော့များ ။

"သောက်လိုက် "
"အင်း "
"ကုန်အောင်သောက် "
"ချဉ်စူးနေတာဘဲ "
"တမင်ချဉ်စူးနေအောင် ဖျော်ခိုင်းထားတာ"

သံပရာရည်တစ်ခွက်သောက်ပြီး ခေါင်းနည်းနည်း ကြည်လာသည် ။ ဒါပေမယ့် နည်းနည်းတော့ မူးနောက်နေဆဲ ။
မှန်ကြောင်လေးက ကျွန်တော့်ကို ကြည့်ပြီးရယ်နေသည် ။

ကျွန်တော်မူးတာ ဘယ်သူ့ကြောင့်လဲ !

"ဇွဲ game ဆော့မလား "
"ဘာ game "
"ပုလင်းလှည့်ပြီး ကျတဲ့သူ အမှန်အတိုင်းပြောရတဲ့ ဂျင်မ်ရှီးဂိမ်းလေ "
"အင် မသိပါဘူး "
"အာ ကိုရီးယားကားတွေထဲမှာပါတယ်လေ"
"ကိုယ်မှ ကိုရီးယားကားမကြည့်တာ "

အရေးထဲ လာရစ်နေသေးတယ် ..ဒီအမူးသမားးကို ဘယ်လိုရှင်းပြရပါ့ !

"ဒီလိုလေ ဒီပုလင်းကို လှည့်မယ် အဖုံးဘက်ကြတဲ့သူကို ကြိုက်တာမေးကြေး အမှန်အတိုင်းဘဲ ဖြေရမှာနော် မဖြေချင်ရင် အရက်တစ်ခွက်သောက် ...ဒါမှမဟုတ်ရင် "
"အာ ဒီလောက်မူးနေတာကို ထပ်သောက်ရင် ကိုယ်မသောက်နိုင်တော့ဘူး "
"အဲ့တာဆို အမှန်အတိုင်းဘဲဖြေလေ "
"နေဦး မဖြေချင်တဲ့ မေးခွန်းတွေ မင်းကမေးလာရင်ရော ? ခုနက ဒါမှမဟုတ်ရင်ကို ဆက်ပြော "

မမေးခင်ကတည်းက မဖြေဖို့စဉ်းစားနေပြီ ။
ဇွဲ ဆိုတာလေ အဲ့လို အကျင့်မကောင်းတဲ့ လူကြီးပါဆို ။

"အရက်တစ်ခွက်သောက် ဒါမှမဟုတ်ရင် တစ်ယောက်ယောက်ကို နမ်း...ပြ ..တာ ဆိုရင်ရော "
"အိုခေလေ "
"ဖြေရင် အမှန်တိုင်းဘဲ ဖြေရမှာနော် လုံးဝ လိမ်လို့မရဘူး "
"အင်းပါ စလှည့်ပြီ မှန်ကြောင်လေး "

Opposite Where stories live. Discover now