Opposite
Ep_13မှန်ကြောင်လေးရဲ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေဖြင့် ရွှဲနစ်နေသည် ။ ဖြူဖွေးနေသော ပါးနှစ်ဖက်ကလည်း နီရဲနေသေးသည် ။ အစပ်စားနေတာလား ငိုနေတာလား မသဲကွဲ ။
"မင်းက ရှင်မင်းသူငယ်ချင်းဆို "
"အင်း "ဝိတ်တာ ရောက်လာသဖြင့် ဇွဲ က ခေါက်ဆွဲပေါင်းတစ်ပွဲမှာလိုက်ပြီး ဆက်ပြောသည် ။
"မင်းကိုယ့်ထီး ပြန်ပေးရဦးမယ်နော် မှန်ကြောင်လေး "
"ဇွဲ ကို တွေ့မယ် မထင်ထားလို့ ဘယ်တော့ ပြန်ပေးရမလဲ "
"ဇွဲ ? "လွှတ်ခနဲ ထွက်သွားပုံရသည် ။ ခုမှ အူကြောင်ကြောင်လေး ကြည့်နေသည် ။
"ဟို တောင်းပန်ပါတယ် "
"ရပါတယ် ဇွဲ လို့ဘဲ ခေါ်ပါ ကိုယ်လည်း အသက်အရမ်းကြီးတာမှမဟုတ်တာ "
"ဟုတ် "ဇွဲ က နူးညံ့တယ် ....သိမ်မွေ့တယ် ..
စကားပြောရင်လည်း လူကြီးလူကောင်းဆန်တယ် ။ စတိုလ်နဲ့ မလိုက်အောင် စိတ်ထားက ရင့်ကျက်တယ်။
တမင် လူမုန်းအောင် နေတာများလား?"ကိုယ်ပြောတာ မှန်တယ်မှတ်လား ရေစက်ရှိလို့ ပြန်တွေ့မှ ပေးတော့ဆိုတာလေ "
"ဗျာ ဟုတ်သားဘဲ အဲ့နေ့ကအတွက် ကျေးဇူးပါ ဇွဲ "
"ရပါတယ် နောက်ဆို မိုးရာသီကို ဘယ်သွားသွားထီးယူသွား ကြားလား "
"ဟုတ်ကဲ့ "ကျွန်တော့်ကို စိတ်ပူနေတာလား ? ဇွဲ က စိတ်ပူလို့ပြောတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော့်အတွက်ကတော့ အမိန့်ဘဲ ။ နောက်ဆို ဘယ်သွားသွား ထီးယူသွားတော့မယ် ....။
"အဲ့နေ့က ဇွဲ မိုးမစိုဘူးလား "
"ကိုယ်က ကားပါတာဘဲ မြန်မြန်ပြေးလိုက်တာလေ ကားပါကင်ကို "
"ဩော် "အဲ့နေ့က season မှာ .....
အတော်လေးကြာတာတောင် မှန်ကြောင်လေးက မပြန်သေး ။ မိုးစိုလာသည့်အပြင် ထီးလည်းမပါဘူး ထင်သည် ။ ကျွန်တော်က ကားပါသည်မို့ ကိစ္စမရှိ ။ ဒါကြောင့် ပါလာတဲ့ထီးကို မယူဘဲ ထထွက်လာတော့ ...
"ဟို ...ထီးကျန်ခဲ့တယ် "
"မင်းထီးမပါလို့ မပြန်သေးတာမဟုတ်လား ယူထားလိုက် မိုးသည်းနေတယ် "တကယ်တော့ ကျွန်တော်က ထီးမပါလို့ထက် သူမပြန်သေးလို့ ထိုင်ရာက မထသေးတာ ...ထီးမပါလည်း ကောင်းထက်ဆိုတာ သိပ်ဂရုစိုက်တတ်တဲ့ သူမဟုတ် မိုးရေထဲ ဝရုန်းသုန်းကား ပြေးမည့်သူမျိုး ။ သို့ပေမယ့်လည်း သူက ကျွန်တော့်အတွက် ဆိုတော့လည်း ပျော်တာပေါ့ ဟဲဟဲ .....
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]