Opposite
Ep_1"ရှင်မင်းထိုက် ထီးယူသွားလား "
"ဟုတ်ကဲ့ အန်တီလေး "တံခါးမှာချိတ်ထားသော ထီးကိုယူပြီး ဖိနပ်အမြန်စီးကာ အိမ်တံခါးကို ဝုန်းခနဲဖွင့်ရင်း ကတိုက်ကရိုက်ပြေးရသည် ။
ကားဂိတ်ရောက်ခါနီးမှာဘဲ ၃၁ တစ်စီး ထွက်တော့မှာမို့ ပြေးတတ်ရသေးသည် ။စောစောစီးစီးဆိုပေမယ့် ကျောင်းစဖွင့်သည့်နေမို့ လူများသည်။
နေရာမရသဖြင့် မတ်တပ်ရပ်၍ပင် စီးရသည်။ ရှင်မင်းထိုက် လက်ထဲမှာလည်း ဖိုင်တွေရော စာအုပ်တွေရော တစ်ပွေ့တစ်ပိုက် ....ဒီကြားထဲ ထီးရော ထမင်းချိုင့်ပါ ကိုင်ထားရသေးသည် ။ခဏကြာတော့ အပြင်လူတွေ တော်တော်များများဆင်းသွားကြသည် ။
တာဝ အထိ လိုက်မည့် ကျောင်းသူကျောင်းသားများသာ ကျန်တော့သည် ။ ကျွန်တော်လည်း နေရာရသဖြင့် ပြတင်းပေါက်ဖက်ကို ထိုင်လိုက်သည် ။အပြင်မှာ မိုးရွာနေသဖြင့် မိုးရေစက်လေးတွေက ကားတံခါးမှန်မှာ စီးကျနေသည် ။
"ပြတင်းပေါက်တွေပိတ်ထားပါ အဲယားကွန်းဖွင့်ထားတယ် "
ကားသမားရဲ့အသံကြောင့် ဖွင့်မလို့လုပ်နေသည့် လက်က လေထဲမှာ တံ့သွားသည် ။
တကယ်ဆို ပြတင်းပေါက်လေးဖွင့်ပြီး ခပ်ဖွဲဖွဲကျနေသည့် မိုးရေစက်လေးတွေကို မျက်နှာကို ထိမှန်စေမယ် .....
မိုးရေစက်တွေကို လက်ကလေးနဲ့ခံပြီး အေးမြမှုကို ခံစားမယ် .....
သဘာဝအတိုင်း ခပ်အေးအေး တိုက်ခတ်နေတဲ့ မိုးနံ့ရောနေတဲ့ လေပြေအေးလေးတွေကို ရှုရှိုက်မယ် .....ခုတော့ အဲယားကွန်းလို့သာပြောပြီး ကိုယ့်ဘာသာ စာအုပ်နဲ့ ယက်ခပ်တာလောက်တောင် မအေးတဲ့ အလုံပိတ်ကားထဲမှာ အသက်ရှုကျပ်နေရတယ် !
"ဝုန်း ! ဘုန်းးး ကျွီ !!!! "
"ခွမ်း ! "မှေးခနဲအိပ်ပျော်သွားကာမှ တစ်ကားလုံး သိမ့်ခနဲ တုန်သွားသော ကားကြောင့် လန့်နိုးလာသည် ။ တစ်ကားလုံးလည်း အော်ဟစ်သံတွေ ဆူညံနေသည် ။ အရှေ့က တက်ဆီနှင့် ကားတိုက်မှုဖြစ်ခြင်း ။ လူတွေ မထိခိုက်သော်လည်း ကား ၂ စင်းလုံး တော်တော်ထိသွားသည် ။ မှန်တွေဆိုတာ အစိတ်စိတ်အမွှာမွှာ ကွဲကြေလျက် ။
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]