Ep_30(final)

23.5K 1K 208
                                    

Opposite
Ep_30 (final )

"Sorry ကိုယ်နောက်ကျသွားတယ် "
"ရပါတယ် ငါတို့လည်း ရောက်တာ သိပ်မကြာသေးဘူး "
"Wow grey hair ! မိုက်တယ် "
"မင်းခန့်ဇေ တဲ့ ငါ့သူငယ်ချင်း "
"ကိုယ်က ဖြိုးဝေသော်ပါ "

ရောက်လာကတည်းက ခုထိ တစ်ချက်မပြုံးသေး ။ မေ့ကိုလည်း မတွေ့သေးပါ ။ မင်းခန့်ဇေ ကတော့ သိပ်ကြည်ဟန်မတူ .... ဘယ်ကြည်မလဲ စေ့စပ်ရမှာလို့ ဟိုအကောင်က သွားပြောထားတာကိုး ။

"အင်း "

အင်း တစ်ချက်သာ ပြန်ဖြေလိုက်သည် ။
မကြိုက်ပါဘူး ထိုက်ထိုက်ဆီက ကျွန်တော်နဲ့ တူတယ်လို့ မှတ်ချက်ပေးခံရတာ ။ မိန်းကလေးဖြစ်ပြီး ချောလွန်းနေတာလည်း သဘောမကျ ။ မနာလိုတာ မဟုတ်ဘူးနော် ဒီအတိုင်း ...။

"ဒါကမေတဲ့ "
"OH GOD ! ကလေး "
"ဟင် ဒါကြီးကို ကလေးလား "
"ကလေး ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီနော်"
"အမ် သိနေတာလား နင်တို့က "
"ကိုယ့်ကို ဖြိုးလို့ ခေါ်လို့ရတယ် ကလေး "
"ဘာတွေလဲ "

တစ်ခါမှ ပြုံးတာ မတွေ့ဘူးတဲ့ ဖြိုးက နှုတ်ခမ်းထောင့်တွေ ကော့တတ်သွားတဲ့ အထိ ပြုံးကာ မေ့ကို နူးနူးညံ့ညံ့လေး ကြည့်နေသည် ။ ရှင်မင်းထိုက် အံ့ဩလွန်းလို့ မုန့်တောင် ဆက်မစားနိုင် ။

"ဒီမှာ ! ငါကလေးမဟုတ်ဘူး "
"ကလေးက စိတ်ဆိုးနေတာလား ကိုယ်ဘာလုပ်မိလို့လဲ "
"Shit ! ကလေးမဟုတ်ဘူးပြောနေတယ်"
"Ooopppsss sorry ကိုယ်က ကလေးလို့ဘဲ ခေါ်ရတာဘဲ ကြိုက်တယ် "
"Fuck ! "
"Haha ကလေးစိတ်တိုတာ ချစ်ဖို့ကောင်းတယ် "

ရှင်မင်းထိုက်နဲ့ မင်းခန့်ဇေ ကတော့ မျက်လုံးလေးတွေ အပြူးသားဖြင့် ကမ္ဘာကြီး ပျက်တော့မှာလားလို့ တွေးပူနေကြသည် ။ မေလေးဆဲနေတာကို ချစ်ဖို့ကောင်းသည်တဲ့လေ ။

"တစ်နေရာ သွားရအောင် ရှင်မင်း "
"ဘယ်သွားချင်လဲ "
"Lotteria မှာကြက်ကြော်သွားစားမလား"
"သွားမယ်လေ "
"Okay "

ကြက်ကြော်ဆိုတော့ ကလေး မျက်နှာ နည်းနည်းပြုံးသွားသည် ။ ကလေးကို စတွေ့ကတည်းက အာလူးလို ဖောင်းနေတဲ့ ပါးလေးက သိပ်ချစ်ဖို့ကောင်းလို့ သတိထားမိနေတာ ... ။ လက်မှာလည်း ထမင်းချိုင့်တွေရော ထီးတွေရော ရှုပ်ယှက်ခက်နေသည် ။

Opposite Where stories live. Discover now