9.

8.9K 717 14
                                    

Opposite
Ep_9

အိပ်ယာပေါ်မှ မျက်လုံးပြူးလေးဖြင့် ကြည့်နေသော ထိုက်ထိုက် ကို နူးညံ့စွာ ပြုံးပြလိုက်ရင်း ...

"ဘာမှမစားတော့ဘူး ငါလည်း ပြီးရင်ပြန်တော့မယ် မင်းစောစောနားတော့ မနက်အစောကြီး ထရဦးမှာ "
"ပြီးတာဘဲ "

ထူးထူးဆန်းဆန်း ပြုံးပြပြီး စကားပြောပုံတွေက ဂရုစိုက်မှုတွေ ပါနေသလိုလို .....မသင်္ကာစရာဘဲ ။

》》》》》》》》

"တီချယ် ဝင်ခွင့်ပြုပါ "

စာသင်ချိန်တစ်ဝက်လောက်မှ အိပ်ချင်မူးတူးပုံစံဖြင့် လေးကန်စွာ လျှောက်လှမ်းလာသော ရှင်မင်းထိုက် ။
ဆံပင်အကြေကောက်လေးတွေက ပိုပြီး ရှုပ်ပွနေသည် ။

"ဘာသင်နေတာလဲ "
"P3 "

မျက်ဝန်းပြာလေးအစား နက်မှောင်သော မျက်ဝန်းကို ကိုင်းအနက်ရောင် မျက်မှန်ခပ်ဝိုင်းဝိုင်းက ကာရံထားသည် ။
အသားညိုညိုနဲ့ မျက်နှာလေးက ထိုင်းမှိုင်းနေပြီး အားမရှိသည့် ပုံစံပေါက်နေသည် ။

"ထိုက်ထိုက် မျက်ကပ်မှန်ကရော"
"နေ့တိုင်းတတ်တာ မျက်စိအတွက် မကောင်းဘူးဆိုလို့ "
"ပါဝါနဲ့လား "
"အင်း "

hoodie ကို ရင်ဖက်ဖွင့်ကာ ဝတ်ထားပြီး အောက်က တီရှပ်အမည်းရောင် ဝတ်ထားသည် ။ အသားရောင် ဘောင်းဘီဒူးလောက်လေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းနေသယောင် ။

"ထိုက်ထိုက် ...ထိုက်ထိုက် ...ဆရာမ စာသင်နေတယ်လေ "
"ဟင် ..အင်း "

ငိုက်မြည်းနေရာမှ ကျွန်တော့်အသံကြောင့် အနည်းငယ်ပြန်မတ်ကာ စာအုပ်ကို ပြူးပြဲကြည့်နေသည် ။ သို့သော် စာတွေကိုတော့ မြင်ဟန်မတူ ။ ဆရာမထွက်သွားသည်နှင့် ခုံပေါ်မှောက်အိပ်နေပြန်သည် ။

"ရှင်မင်းထိုက် ကန်တင်းသွားမယ်လေ "
"မသွားတော့ဘူး မေ "
"အာ လာစမ်းပါဟာ နင်ကလည်း ဗိုက်ဆာနေလိမ့်မယ် ညနေ ပရောဂျက်အတွက် ဆရာမ စကားလာပြောဦးမှာလေ "
"အင်း ဟုတ်သားဘဲ ပရောဂျက်ကိစ္စ ရှိသေးတာ မေ့သွားတယ် "

မထချင်ထချင်ဖြင့် ထကာ စာအုပ်တွေ ကောက်ထည့်ပြီး ....

"ဇေ မင်းမလိုက်ဘူးမှတ်လား ငါကန်တင်း ခဏသွားဦးမယ် "

Opposite Where stories live. Discover now