5.

10.3K 848 25
                                    

Opposite
Ep_5

ထိုင်နေရင်း ရုတ်တရက် ထရပ်လိုက်သည့် မင်းခန့်ဇေ ။ မီးခိုးရောင်ဆံပင်တွေ ဝဲသွားသည့်အထိ ခေါင်းခါရမ်းလိုက်ပြီး .....

"ငါပြန်တော့မယ် ထိုက်ထိုက် "
"အေးအေး မနက်ဖြန် tuto ရှိတယ်နော် "
"အင်း "

ဘာတွေ အလောတကြီး ထသွားမှန်းမသိဘူး
ပြောတော့ အေးဆေးမှပြန်မယ်ဆိုပြီး ....

"ဟာ ဟေ့ကောင် အောက်မှာ ..."
"ညှောင် ... ဂီးးး "
"အား "
"ညှောင် ....ဂီး"

စိတ်ရှုပ်လာလို့ အမြန်ထပြန်ကာမှ အောက်မှာ အိပ်နေတဲ့ ကြောင်ကို မမြင်ဘဲ အမြှီးတတ်နင်းမိပြီး အကုတ်ခံလိုက်ရသည်။
မမြင်ဆို ကြောင်တစ်ကိုယ်လုံးက နက်မှောင်နေသည် ။

"ဒါ ...ဟိုတစ်ခါ လမ်းပေါ်မှာ တွေ့တဲ့ ကြောင် မှတ်လား "
"အင်း ဟုတ်တယ် ဝဝကစ်ကစ်လေး ဖြစ်လာပြီး ချစ်ဖို့ကောင်းတယ်မှတ်လား "
"ကျွတ်စ် ရှုပ်ရှုပ်ယှက်ယှက်တွေ ! "

အဲ့တုန်းက အနက်ရောင် ပိန်ပိန်သေးသေးနဲ့ ဒဏ်ရာတွေနဲ့ ကြောင်က ခုတော့လည်း ဝတုတ်နေသည် ။ အဝါရောင် မျက်လုံးတွေက စူးစူးရဲရဲ စိုက်ကြည့်ပြီး မာန်ဖီနေသည် ။ အမြှီးတတ်နင်းတာကို ကျေနပ်ပုံမပေါ် ။ မတတ်နိုင် သူက မည်းနက် နေမှတော့ မြင်မလား ။

"စပ်လိုက်တာ မင်းကြောင်ကို ကိုင်ပေါက်ချင်လာပြီ "
"ဘာကွ ! မင်းခန့်ဇေ မင်းငါ့အကြောင်ကို စိတ်နဲ့တောင် မပစ်မှားနဲ့ အမွှေးတစ်မျှင်ထိတာနဲ့ မင်းရဲ့ ခေါင်းမွှေး မီးခိုးရောင်တွေ ရိတ်ပစ်မယ် "
"မင်းကြောင် ငါ့ကို ကုတ်တာကြတော့ရော "

ခြေထောက်မြှောက်ပြလို့ ကြည့်လိုက်တော့ ကုတ်ရာ အစင်းကြောင်းတွေက ခြေဖမိုးတောက်လျှောက် နီရဲနေသည် ။
သွေးစို့နေသည်အထိ ကုတ်ရာက နက်သည်။

"မင်းက အမြှီးတတ်နင်းမှတော့ ဟိုက စိတ်တိုပြီပေါ့ "
"မင်းကြောင် စောင်အသားက မည်းတာကိုး"
"ဟေ့ကောင် ဘော်ဒီရှိန်းမင်းမလုပ်နဲ့ ငါ့သမီးကို "
"ရူးကြောင်ကြောင်နဲ့ "

ကြောင်ကိုများ သူ့သမီးလေးဘာလေးနဲ့ အံ့ဩဘ !

》》》》》》》》

Opposite Where stories live. Discover now