Opposite
Ep_24အဖေ့ရုံးခန်းထဲရောက်နေတုန်း ဖုန်းလာလို့ ကြည့်လိုက်တော့ မှန်ကြောင်လေး ...
"ကိုင်လိုက်လေ သား "
"ရတယ် နောက်မှ ပြန်ဆက်လိုက်မယ် "ဖုန်းသံကို Mute လုပ်ကာ အိတ်ထဲ ပြန်ထိုးထည့်လိုက်သည်။
"ပြန်စဉ်းစားပါဦးလား သားရယ် "
"ကျွန်တော် ဆုံးဖြတ်ပြီးပြီ အဖေ "
"သားလေးနှစ်ယောက်ရှိပါတယ် တစ်ယောက်မှ အနားမှာ မနေချင်ကြဘူး"
"တောင်းပန်ပါတယ် ကျွန်တော်ပြန်လာတာနဲ့ အဖေသဘောတူတဲ့ မိန်းကလေးကို လက်ထပ်ပါ့မယ် "ရုတ်တရက်ကြီး ရောက်လာပြီး ဂျပန်က ကုမ္ပဏီရုံးခွဲမှာ သွားနေချင်ပါတယ်ဆိုပြီး တောင်းဆိုလာသည့် သားကြီး ဇွဲ ကြောင့် အံ့ဩနေရသည် ။ ခုလည်း မိဘပေးစားတဲ့သူနဲ့ လက်ထပ်ဦးမည်တဲ့လေ ....
"နေဦး သား .. အဖေက ဘယ်သူနဲ့မှ အတင်းပေးစားမှာ မဟုတ်ဘူးနော် အချစ်မပါတဲ့ အိမ်ထောင်ရေးက သားထင်သလောက် မရိုးရှင်းဘူး "
"ကျွန်တော်သိပါတယ် အဖေ ကျွန်တော်နဲ့ သင့်တော်မယ်ထင်တဲ့ မိန်းကလေးတစ်ယောက်လောက်သာ ရှာထားပေးပါ "
"သား ချစ်တဲ့သူကို လက်ထပ်လေ သားရယ်"ဇွဲ ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုခိုးချလိုက်သည် ။
"ကျွန်တော်ချစ်တဲ့သူက အဖေချီချင်တဲ့ မြေးကို မွေးမပေးနိုင်ဘူးဆိုရင်ရော "
ဘာမှပြန်မပြောဘဲ ငေးကြည့်နေသည့်
အဖေ့ကြောင့် အရာရာထူးဆန်းပြီး နားမလည်မှန်း သိသည် ။"ကျွန်တော်ကိုယ်တိုင်လည်း နားမလည်တော့ပါဘူး အဖေရာ သေချာတာကတော့ ကျွန်တော့်ကြောင့် အဖေ မျက်နှာမပျက်စေရဘူး စိတ်ချ ကျွန်တော်ကြောင့်လည်း အဖေစိတ်မညစ်စေရပါဘူး "
ပြောချင်ရာပြောပြီး ထွက်သွားသည့် သားကြီးကြောင့် မှင်သက်နေဆဲ ။ ထူးထူးခြားခြား ထိုကောင်လေးရဲ့ နှုတ်ခမ်းတွေ ကော့တတ်သွားသည်အထိ ပြုံးသည့်အပြုံးကိုတော့ မမြင်ရတော့ ။
ခံစားချက်မပါတဲ့ပုံစံက သားငယ် မင်းခန့်ဇေ ကို သတိရသွားစေသည် ။"ဘာတွေဖြစ်နေတာလဲ "
》》》》》》》
"ဟယ်လို "
"ကျွန်တော်ဖုန်းဆက်နေတာ အခါတစ်ရာ မကတော့ဘူး "
"ဆောရီး ကိုယ်အရေးကြီးကိစ္စလေးရှိလို့"
"ဇွဲ ကျွန်တော့်ကို တစ်ရက်စားချင်တာ လိုက်ကျွေးမယ်ဆိုတာတော့ မမေ့ပါဘူးနော်"
"မမေ့ပါဘူး မှန်ကြောင်လေးရာ "
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]