Ep_19

11.8K 1K 85
                                    

Opposite
Ep_19

"သားရယ် ဘာလို့ ဖုန်းမကိုင်တာလဲ "
"မကိုင်ချင်လို့ မကိုင်တာကို ဒီအထိ လာရှာရသလား အဖေ "

မင်းခန့်ဇေ မျက်နှာက ပုံမှန်ထက် ပိုပြီး အေးစက်သွားကာ မျက်နှာသေဖြင့် ကြည့်နေသည် ။

"တနင်္ဂနွေနေ့ လာခဲ့ပေးပါ သား "
"လုပ်ချင်တာလုပ်ပြီးမှ အဖေ ဆိုပြီး လာပြောမနေနဲ့ "
"တောင်းပန်ပါတယ် လာခဲ့မယ်မှတ်လား "
"ကျွတ်စ် ရှုပ်ရှုပ်ယှက်ယှက်တွေ "

မင်းခန့်ဇေ စကားဆက်မပြောဘဲ လွယ်အိတ်ကောက်လွယ်ပြီး အတန်းထဲက ထွက်သွားသည် ။ ထိုဦးလေးကြီးလည်း ခေါင်းကိုခါရမ်းကာ ပြန်သွားသည် ။

"ရိုင်းလိုက်တာ မင်းခန့်ဇေက "
"ဟုတ်ပဟယ် အဲ့လောက်ထိ ထင်မထားဘူး အဖေကိုတောင် အဲ့လောက်ထိ ရက်စက်ရလား "
"ရုပ်လေးနဲ့မှ မလိုက် စိတ်ဓာတ်က ရွံစရာ "
"စိတ်ဓာတ်မကောင်းလို့လည်း ပေါင်းမယ့်သူမရှိတာနေမှာ "
"အေးလေ အရင်ကဆို ရှင်မင်းထိုက်သွားပေါင်းသေးတယ် ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလို့ ခုမပေါင်းတော့လည်းမှမသိတာ "
"ရွံလိုက်တာဟယ် "

ဟိုနေ့ကဘဲ selfie တွဲရိုက်ချင်ပါတယ် ဆိုတဲ့ မိန်းကလေးတွေ ခုတော့ ဇေ ကို ပြောနေလိုက်တာ ရစရာကို မရှိတော့ ။
ဇေ က သွေးအေးပေမယ့် သူ့ဘဝနဲ့သူလေ ...သူ့မှာ နာစရာတွေ ရှိလို့ သူဒီလိုဖြစ်သွားတာကိုတော့ ဘယ်သူမှမသိကြဘူး ။ သူ့နေရာမှာ ကျွန်တော်သာဆို စိတ်ဆင်းရဲလွန်းလို့ ဆူဆိုက်မိနိုင်သည့် အခြေနေဆိုးတွေကို ဇေ ကြုံခဲ့ရတာ ....။

လူတွေက ခက်တယ် ဘာမှမသိဘဲ ကဲ့ရဲ့ဖို့လောက်ဘဲ သိကြတယ် ....အဆင့်အတန်းကိုမရှိဘူး ။ ကျွန်တော်ကတော့ အဆင့်အတန်းကို စိတ်ဓာတ်နဲ့ တိုင်းတယ် ။ သူတစ်ပါးကို ကဲ့ရဲ့ ပုတ်ချပြီး အပြစ်ပြောတတ်တဲ့ သူကို စိတ်ဓာတ်မကောင်းဘူးလို့ဘဲ မြင်တယ် ။

ဇေ က မှ သွေးအေးပေမယ့် ဘယ်သူ့မကောင်းကြောင်းမှလည်း မပြော ။
ဘယ်သူ့ကိုမှလည်း စိတ်မဝင်စား ။ ဘာကိုမှလည်း သံယောဇဉ်မရှိ ။
အဲ့တာနဲ့ဘဲ ရွံဖို့ကောင်းသွားရောလား !

"ဒုန်း !!! "

"ဒီမှာ နင်တို့နောက်တစ်ခါ မင်းခန့်ဇေ အကြောင်း မကောင်းပြောရင် ငါနဲ့တွေ့မယ် မိန်းကလေးတန်မဲ့နဲ့ အရှက်မရှိ သူများအကြောင်း အတင်းပြောနေတယ် ဘာမှလဲ သိတာမဟုတ်ဘဲနဲ့ "

Opposite Where stories live. Discover now