10.

8.8K 721 6
                                    

Opposite
Ep_10

မေ ဆိုတဲ့ တစ်ယောက်နဲ့ လူရှင်းတဲ့နေရာကို ရောက်လာသည် ။မေက
သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးသည်။

"နင် ရှင်မင်းထိုက်ကို ချစ်နေတာမှတ်လား"

တည်ငြိမ်နေသော မျက်နှာ အတော်လေး စိတ်ရှုပ်သွားဟန်ဖြင့် ဖြေသည် ။

"ဘာတွေပြောနေတာလဲ "

မေလည်း ဒုတိယ တစ်ခါ သက်ပြင်းထပ်ချလိုက်သည် ။ အိပ်ပျော်နေတဲ့သူကို နှိုးရခက်သည် ။ ထို့အတူ ချစ်နေတာကို ဘေးလူတွေကပါ ခံစားမိနေသော်လည်း ဘူးခံငြင်းသည့်သူအား ပိုပြီး ပြောရဆိုရ ခက်သည် ။

"နင့်ရဲ့အကြည့်တွေမှာ မြတ်နိုးခြင်းတွေ အပြည့်ဘဲ "
"မဟုတ်တာ "
"နင်သူ့ကို ချစ်နေတယ် "
"မချစ်ဘူး "

အဲ့တာတွေခက်သည် ...ချစ်နေတာ သေချာနေပါလျက်နှင့် ဟန်ဆောင်နေတာ မပင်ပန်းဘူးလားမသိ ။ ချစ်ရင်ချစ်တယ်ပေါ့ ဘာလို့ ဝန်မခံချင်ရတာလဲ !

"ထားတော့ နင်မပြောချင်ရင်လည်း ငါအတင်းမမေးတော့ဘူး တစ်ခုဘဲ အကြံပေးမယ် ကိုယ့်ကိုယ်တော့ မလိမ်မိစေနဲ့ "
"အင်း "
"ထိုက်ထိုက်နဲ့တူတူ သရုပ်မဆောင်ချင်ဖူးလား "
"ရှုပ်ရှုပ်ယှက်ယှက်တွေ ! "

မေ နောက်ဆုံးတစ်ခေါက် သက်ပြင်းချလိုက်ပြီး .....

"အခွင့်ရေးဆိုတာ ၂ ခါမရဘူး ထိုက်ထိုက်အနားမှာ တစ်ချိန်လုံး ရှိနေရမှာနော် "
"ဒီအတိုင်းလည်း ငါနဲ့ ထိုက်ထိုက်က တစ်ချိန်လုံးရှိနေတယ် "
"ဘယ်လို "

ပြူးကျယ်သွားသော မေ့ရဲ့ မျက်လုံးတွေက ကျွန်တော်နဲ့ ထိုက်ထိုက်ရဲ့ ရင်းနှီးမှု အတိုင်းအတာကို မသိသေးတာ သေချာသည်။
နည်းနည်းလောက်တော့ ကလိချင်သည် ။

"ပိတ်ရက်တွေဆို ထိုက်ထိုက်က ငါ့အိမ်လာရင်လာ မလာရင် ငါက ထိုက်ထိုက်ဆီ သွားတာ "
"ဘာ ! "
"အကြံပေးတဲ့အတွက် ကျေးဇူးဘဲ မေ ငါထိုက်ထိုက်အပေါ်ရှိနေတဲ့ ခံစားချက်က အချစ်လားဆိုတာ ပြန်စဉ်းစားကြည့်ဦးမယ် သေချာရင် ဘာဆက်လုပ်သင့်လဲ "
"ဘယ်လို ! "

သေချာပေါက် အံ့ဩသွားမှာပေါ့ ...။
ကျွန်တော်က straight တစ်ယောက် ဖြစ်နေလို့ ယောက်ျားတစ်ယောက်အပေါ် ခံစားချက်တွေရှိနေမိတာကို အရမ်းလန့်ပြီး မဖြစ်နိုင်ဘူး အတင်းငြင်းနေမည့် သူမျိုးမဟုတ်။

Opposite Onde histórias criam vida. Descubra agora