16.

7.5K 598 11
                                    

Opposite
Ep_ 16

"ဟယ်လို "
"ဟဲ့ မင်းခန့်ဇေ အိမ်ပြန်တော့ "
"ဟမ် ဘယ်လိုသိ "
"နင့်လင်လေးက ဖုန်းဆက်တာဟေ့ ဒီအချိန်ကြီး ဘယ့်နှယ့် ငါအိပ်နေတာကို "

ရှင်မင်းထိုက်ဆိုတဲ့အကောင် ညကြီးမင်းကြီး  ဖုန်းဆက်ပြီး "ဟိုကောင်ငဇေ မနက်အစောကြီးထရမှာကို ငါ့အိမ်ရှေ့လာကင်းစောင့်နေတယ် ပြန်တော့လို့ ပြောပေးဦး အာ ပြီးတော့ ငါနင့်ကို ဖုန်းဆက်ပြောခိုင်းတယ်ဆိုတာ သူမသိစေနဲ့ "   တဲ့လေ ..... ။

ဟင်းဟင်း ဘယ်ရမလဲ မေလေးဘဲ သေချာပေါက်ကို ပြန်ပြောပြလိုက်တယ် !

"ဟင် ထိုက်ထိုက်က ဖုန်းဆက်ပြောခိုင်းတာ ဟုတ်လား ငါ့ဘေဘီလေးကလေ "
"ဘေဘီလေးတဲ့ အန်ချင်လိုက်တာ "
"မနာလိုမဖြစ်စမ်းနဲ့ "
"မနက် welcome နော် စောစောလာဦး "
"သေချာပေါက် လာမှာ ဘေဘီလေးအတွက် လာကိုလာရမှာပေါ့ "
"အမလေးဟယ် သောက်ကျိုးနည်း ro ပြနေတယ် ဒါဘဲဟယ် အိပ်ပြီ "

ထိုက်ထိုက်က ကျွန်တော် အပြင်မှာ စောင့်နေမှန်းသိတယ်ပေါ့ ဒါဆို ။ ကျွန်တော့်ဘာသာ လွမ်းလွန်းလို့ ထိုက်ထိုက်ရဲ့ အငွေ့အသက်လေးတွေ ရှိတဲ့နေရာကို အရူးတစ်ယောက်လို လာထိုင်နေမိတာ ....။

ခုတော့ ..

"ဟား ပျော်လိုက်တာ ဘေဘီလေးက ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်ကို စိတ်ပူနေတယ်ပေါ့ "

အိမ်အပြန်လမ်းမှာ မြေကြီးနဲ့ ခြေထောက် ထိရဲ့လားတောင်မသိ ။ ဘယ်လို အိမ်ပြန်ရောက်လာမှန်းလဲ မသိ ။
ထိုက်ထိုက်မျက်နှာလေးကိုဘဲ မြင်ယောင်ရင်း ပျော်နေမိသည် ။

"မနက်ဖြန် တွေ့မယ် ဘေဘီလေးရေ good night "

အိပ်ယာထဲတွင် ဖက်လုံးကြီးပိုက်ကာ ပြုံးပြုံးကြီး အိပ်ပျော်သွားသည် ။

》》》》》》》

အိပ်မပျော်နိုင်သေးသူက ... ကောင်းထက် ။
ဘာမှမရှိတဲ့ wall ထဲကို ၁ မိနစ် ၃ ခါလောက် ဝင်မွှေနေမိသည် ။
ဇွဲ ရဲ့ နှုတ်ခမ်းတွေ ကော့တတ်သွားတဲ့အထိ ပြုံးနေတဲ့ ပုံလေးတွေကလည်း save ပြီးတာ ကြာလှပြီ ။

Gallery တစ်ခုလုံးလည်း ဇွဲပုံတွေနဲ့ ပြည့်နေသည် ။ IG ရော Fb ပါ မွှေကာ fb က သူငယ်ချင်းတွေရဲ့ tagged photo တွေပါ ရှာထားသေးသည် ။ My day တင်သမျှ ပုံတွေလည်း အကုန် screenshot ရိုက်ထားသည် ။

Opposite Where stories live. Discover now