3.

12.8K 1K 92
                                    

Opposite
Ep_3

မင်းခန့်ဇေရဲ့ နဂိုမျက်နှာသေက ပိုပြီးအေးစက်မာကျောသွားသည် ။

"သားလေး "
"ဘာလုိ့ ကိုယ်တိုင်လာနေတာလဲ ငွေလွှဲလိုက်ရင် ရနေပြီကို "
"သားလေးနဲ့ တွေ့ချင်လို့ပါ "
"ကျွန်တော်မအားဘူး ပိုက်ဆံပေး "
"အင်းပါ ရော့ လိုရင် ထပ်ပြောနော် "
"မလိုပါဘူး တစ်လစာ ပုံမှန်ပို့ပေးရင်ရတယ်"
"ဘယ်သွားမလို့လဲ အဖေ လိုက်ပို့ရမလား"
"မလိုဘူး ရတယ် သွားပြီ "
"လိုအပ်တာရှိရင် အဖေ့ကို ဖုန်းဆက်လိုက်နော် "

ကျော်တက်သွားသော သားငယ်၏ ကျောပြင်ကို ကြည့်ရင်း နာကျင်မိသော်လည်း ဘယ်တတ်နိုင်မလဲ အားလုံး ကိုယ့်အပြစ်တွေဘဲလေ ။

"ငဇေ ဖြည်းဖြည်းသွားပါကွာ "
"အင်း "
"မင်းအဖေလား "
"အေး "
"မင်းနဲ့ အတူတူမနေဘူးလား "
"မနေဘူး သူက သူ့မိန်းမနဲ့နေတာ "
"ဩော် "

ရှင်မင်းထိုက် ဆက်မမေးမိတော့ ။

အဖေရင်းတော့ မဟုတ်လောက်ဖူး
ထင်တယ် ။ ထောက်ပံ့ပေးနေရုံ သက်သက်ဘဲ ထင်တယ်။ အင်းလေ ဇေ က ဗန်ပိုင်းယားဆိုတော့ black market တွေဘာတွေက သွေးဝယ်ရင် ပိုက်ဆံ တော်တော်လိုမှာဘဲ ....။

"ဟာ ဒုက္ခဘဲ ငါမနက်က လမ်းထိပ်က ကောင်လေးကို ပိုက်ဆံ ၁ သောင်းချည်းလိုက်မိတယ် "
"အဲဒီတော့ "
"လက်ဖက်ရည်ဆိုင် သွားလို့မရတော့ဘူ အိတ်ထဲမှာ တပြားမှမရှိတော့ဘူး "
"မင်းလူတွေကို ကူညီနေတာ မင်းအတွက်ဘာအကျိုးအမြတ်ရလို့လဲ ထိုက်ထိုက် "
"ဟင် ! အကျိုးအမြတ်ရမှ ကူညီရမှလား မလိုပါဘူး သူတို့ စိတ်ချမ်းသာသွားရင် ငါကျေနပ်ပြီ "

သက်ပြင်းတစ်ချက်ချလိုက်ရင်း ခေါင်းအဖြူကောင်က ဆက်ပြောသည် ။

"မင်းကူညီခဲ့တဲ့ လူတွေက တစ်ချိန်ချိန်မင်း အကူညီလိုရင် ပြန်ကူညီမယ်ထင်နေလား "
"ဟမ် "
"မင်းသိလား လူတွေဆိုတာက မင်းဒုက္ခရောက်နေရင် ပြန်ကူညီဖို့ နေနေသာသာ မသိချင်ယောင်ဆောင်မယ့် လူမျိုးတွေ "

ဒီဗန်ပိုင်းယားကောင်ဟာ လူတွေအကြောင်းကို တော်တော်လေး အမြင်မကြည်ပုံရတယ် ။ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ခဲ့ရလို့ လူတွေနဲ့ အပေါင်းသင်းမလုပ်ဘဲ သီးသန့်နေချင်နေရတာလဲ မသိဘူး ။

Opposite Donde viven las historias. Descúbrelo ahora