Opposite
Ep_7ပြောရတာ မောသွားတဲ့ပုံနဲ့ ရေသောက်နေသည့် ဇေ ပုံစံက တည်တည်ငြိမ်ငြိမ် ။ ထုံးစံအတိုင်း မျက်နှာသေဖြင့် ဇာတ်ကားအကြောင်း ပြောနေသည်ထင်ရသည် ။ နည်းနည်းလေးတောင် ဘာမှမခံစားရသည့် ပုံစံဖြင့် သူ့ဘဝအကြောင်း ပြောနေသည်ဆိုတာထက် ပုံပြင်တစ်ပုဒ် ရွတ်ပြနေသည်နှင့်ပိုတူသည် ။
"အဲ့တာနဲ့ ဘာဆက်ဖြစ်သွားလဲ "
"အဲ့တာနဲ့ လူတွေအကြောင်း သိခဲ့ရတယ် ထိုက်ထိုက်ရာ ....ငါ့အဖိုးနဲ့အဖွား ပေးကမ်းခဲ့တဲ့ လူတိုင်းကလေ ငါ့အဖိုး ဆုံးတဲ့အချိန် ရှိသမျှအကုန် ဖောက်ထွင်းသွားကြပြီး ငါ့အမေ တစ်ယောက်တည်း ဒုက္ခရောက်နေတဲ့ အချိန်မှာ နည်းနည်းလေးမှတောင် လှည့်မကြည့်ကြဘူး ။ ဘယ်သူတွေ ယူသွားတယ်ဆိုတာ သိနေတာတောင် သက်သေမရှိလို့ ဘာမှမလုပ်နိုင်ဘူး ။ နောက်တော့ အမေနဲ့ ငါနဲ့ ၂ ယောက်တည်း ရုန်းကန်ခဲ့တယ် ...ငါ့ကို ကျောင်းထားဖို့ အမေက အလုပ်ပေါင်းစုံ နေ့မနား ညမနားလုပ်ခဲ့ရတယ် ။ ငါ ၁၀ တန်းဖြေခါနီးမှာဘဲ အမေ အသည်းကင်ဆာဖြစ်နေတာကို သိလိုက်ရတယ် ...ဒါပေမယ့် ကုသဖို့အထိ မတတ်နိုင်ခဲ့ဘဲ ဆုံးသွားခဲ့တယ် ။ အမေဆုံးပြီး ပိုခက်ခဲခဲ့တယ် ...ဘဝမှာ အချစ်ရဆုံးသူတစ်ယောက်ဘဲ ရှိခဲ့တယ် ဒါပေမယ့် အချစ်ရဆုံးသူက ငါ့ကို ခွဲခွာသွားပြန်တယ် ။ အမေမရှိတော့ ငါ့ကို ချစ်တဲ့သူတစ်ယောက်မှ မရှိတော့သလို ငါချစ်တဲ့သူလည်း တစ်ယောက်မှ မရှိတော့ဘူး ...အဲ့ချိန်ကစပြီး ငါ့နှလုံးသားက ရှင်လျက်နဲ့ သေသွားတာဘဲ
စက်ရုပ်တစ်ရုပ်လို ဘာကိုမှ မခံစားတတ်တော့ဘူး ။ လောကကြီး အကြောင်းကို သိသွားတယ် ..လူတွေရဲ့ လောဘစိတ်တွေ ငွေမရှိရင် ယောင်လို့တောင် မကပ်ချင်ကြတဲ့ ရွံဖို့ကောင်းတဲ့သူတွေအကြောင်း သိသွားတယ် ... ငါကျောင်းတစ်ဖက်နဲ့ ရတဲ့အလုပ်မှန်သမျှလုပ်ပြီး ငါ့ဘဝငါရှင်သန်ခဲ့တယ် ။ နှလုံးသားကတော့ သေသွားခဲ့ပေမယ့်ပေါ့ ...."
"မင်းအဖေကရော "ဇေ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဆက်ပြောသည် ...။
"ငါ့အမေနဲ့ကွာရှင်းပြီးကတည်းက လာမတွေ့တော့တာဘဲ ။ သူ့မယားငယ်နဲ့ဘဲနေတယ် ငါတို့သားမိကို အဖက်တောင်လုပ်တာမဟုတ်ဘူး ။ ကျန်တဲ့ ငါ့အဖေဘက်က ဆွေမျိုးတွေဆိုတာ ပိုဆိုးတယ် ... မကွာရှင်းခင်ကတည်းက ငါ့အဖေရဲ့ အမေ ..အင်း ငါ့အဖွားပေါ့ ..သူ့ဆီက အမွေတွေ ရမှာစိုးလို့ ဝိုင်းပြီး တိုက်ခိုက်ကြတယ် ။ သူတို့ သွေးထိုးစကားတွေ မပြောတောင် ငါ့အဖေဘက်က အဖွားက ငါ့ကို မုန်းပြီးသားပါ ။ ငါမွေးလာကတည်းက မုန်းနေတာ ...ငါ့အဖေသားအရင်း မဟုတ်ဘူးတောင် စွပ်စွဲခဲ့သေးတာ ။ ငါ့အမေကတော့ အဲ့လို ဆိုးရွားလှတဲ့ ယောက္ခမကြောင့် တစ်ရက်လေးမှ စိတ်မချမ်းသာခဲ့ရဖူး .... ကွာရှင်းပြီးတော့ ဘယ်သူမှ အဖက်လုပ်ပြီး လာမတွေ့ဘူးလေ သူတို့အားလုံး ဝမ်းတောင်သာနေကြဦးမှာ ...ငါ့ဘာသာ အလုပ်ပေါင်းစုံဝင်လုပ် ကျောင်းစရိတ်ရှာပြီး ကျောင်းတတ်ခဲ့တာ ။
ငါမလုပ်ဖူးတဲ့ အလုပ်ရယ်လို့ မရှိသလောက်ဘဲ ...စားပွဲထိုးလည်း လုပ်ဖူးတယ် abc တို့ g&g တို့မှာ အချိန်ပိုင်းအလုပ်တွေလည်း လုပ်ဖူးတယ်
ကလပ်မှာ ဧည့်ကြိုလည်း လုပ်ဖူးတယ် စာရင်းကိုင်လည်း လုပ်ဖူးတယ် အားရင်အားသလို ကလေးတွေကိုလည်း စာသင်ဖူးတယ် ရေသန့်လည်း ပို့ဖူးတယ် ..စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေးလည်း လုပ်ဖူးတယ် ..ဆေးဆိုင်တွေမှာ တောက်တိုမယ်ရလည်း လုပ်ဖူးတယ် ....
နေ့မနား ညမနား ပိုက်ဆံတွေစုပြီး အချိန်ရတာနဲ့ သင်တန်းတွေလည်း လိုက်တတ်ရသေးတယ် ...အဲ့တာမှ အလုပ်အတွက် ပိုအဆင်ပြေမှာ ။ အသုံးစရိတ်ကလည်း ချွေတာရတာပေါ့ ခေါက်ဆွဲပြုတ်ဘဲ ရက်ဆက် စားခဲ့တဲ့ နေ့တွေ ရှိတယ် ။ ဒါပေမယ့် စက်ရုပ်တစ်ရုပ်လို နေထိုင်ခဲ့တယ် ဘယ်သူ့မှလည်း မကူညီခဲ့သလို ဘယ်သူ့အကူညီမှလည်း မယူခဲ့ဘူး ...
လူတွေဆိုတာ လိုမှသုံးတတ်တဲ့ လိုသုံးတွေကများနေတာ ငါအသိဆုံးမို့ "
"ပြီးတော့ မင်းအဖေက ပြန်ဆက်သွယ်တာလား "

YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]