Opposite
Ep_8မင်းခန့်ဇေ ဧည့်ခန်းထဲရောက်သည်နှင့် ဆိုဖာပေါ်မှာ အခန့်သားထိုင်နေသော ဇွဲကို တွေ့လိုက်ရသည် ။ ခြေတစ်ဖက်ကို တခြား ချထားသော ခြေတစ်ဖက်ရဲ့ ပေါင်ပေါ်တင်ထားပြီး မိန့်မိန့်ကြီး ထိုင်နေပုံမှာ သူ့အိမ်အလား ။
အနီရောင်ဆံပင်များကို ဂျယ်လ်ဖြင့် ထောင်ထားပြီး မျက်လုံးတွင် လိုင်နာ အနက်ရောင်ဆိုးထားသည် ။ နှုတ်ခမ်းပေါ်တွင် အပေါက်ဖောက်ထားပြီး
ကျောက်အဖြူတစ်ခု တပ်ဆင်ထားသည် ။
နားတွင်လည်း နားပေါက်သုံးခု ဆင့်ဖောက်ထားကာ အရိုးခေါင်းပုံစံ နားကပ်အမည်းများဖြင့် ပြည့်နေသည် ။"ဟေး ညီလေး နေကောင်းလား "
"အင်း"လည်ပင်းတွင် လက်ဝါးကပ်တိုင်ပုံ ဆွဲကြိုးကို ဆွဲထားပြီး ကြက်သွေးရောင် ကိုယ်ကြပ်အင်္ကျီကို ဝတ်ထားသည် ။ လက်ကောက်ဝတ်မှာလည်း ရှုပ်ယှက်ခက်နေသော ကြိုးများအပြည့် ။
လက်ညိုး ၊ လက်မ နှင့် လက်သူကြွယ်တွင် အချွန်ပါသော လက်စွပ်များအပြင် တခြားလက်စွပ်များဖြင့် ပြည့်နေသည် ။ဇွဲ ဆိုတဲ့ကောင်ကို မြင်လိုက်ရသူတိုင်း စိတ်ရှုပ်သွားရလောက်အောင် တစ်ကိုယ်လုံး ရှုပ်ယှက်ခက်နေသည် ။ အသားရည်က အတော်လေးဖြူပြီး သူ့အမေလို ခပ်ချောချောမျက်နှာဖြင့် အရပ်ရှည်ရှည်ကို ပိုင်ဆိုင်ထားသည် ။
"ဘာကိစ္စလဲ "
"ငါ့ဖေဖေ ပိုင်တဲ့အိမ်ကို ကိစ္စရှိမှ လာရမှာလား "ဇွဲ ဆိုတာ အားနေတိုင်း ကျွန်တော့်ကို ဒေါသ မထွက်ထွက်အောင် လာဆွ တတ်သည့်ကောင် ။ သူဘယ်လောက် စိတ်တိုစရာတွေ ပြောနေပါစေ ကျွန်တော်က နည်းနည်းလေးမှ အဖက်မလုပ်လို့ အမြဲ သူကိုယ်တိုင်ဘဲ ပေါက်ကွဲပြီး ပြန်သွားတတ်ရသည် ။
"အော် အဲ့တာဆို အလည်လာတာလား "
"အင်း မေမေကိုပါ ခေါ်လာမလို့ မေမေက ဖေ့ဖေ့အနားကပ်ချွဲနေလို့လေ ဟဟ "
"ဩော် "ကျွန်တော်ဘယ်လောက် အမြင်ကတ်စရာ ရုပ်လုပ်ပြီး ဒေါသထွက်စရာတွေ ပြောနေပါစေ မင်းခန့်ဇေ က အမြဲ မျက်နှာသေဖြင့်သာ တုံ့ပြန်သည် ။
ဒီကောင် တကယ်ဘဲ ခံစားချက်မရှိတဲ့ လူများလားလို့ တွေးမိသည် ။
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]