2.

15.9K 1.2K 43
                                    

Opposite
Ep_2

ညနေဖက် ဂိမ်းဆိုင်ကအပြန် လမ်းမှာ ကြောင်တစ်ကောင်နဲ့ ခွေး ၂ ကောင် ရန်ဖြစ်နေတာနဲ့ ကြုံသည် ။

"ညှောင် "
"ဂီးးးးး "

ကြောင်လေးက သနားပါတယ် ၁ ကောင်တည်းကို ဟိုကောင်တွေက ဝိုင်းကိုက်နေကြသည် ။

"ရွှီးးး ဖယ်ကြစမ်း သွားစမ်း "
"ထိုက်ထိုက် ! "
"အား ခွေးစုတ်တွေ ငါ့ပါကိုက်စရာလား "
"ဂီးးးးးး "
"ညှောင် "
"ဖယ်စမ်း "
"ဒုန်း "

ကြောင် ၁ ကောင်ရယ် ကျွန်တော်ရယ် ခွေး ၂ ကောင်ရယ် တိုက်ပွဲဟာဆိုရင် အုတ်နီခဲဖြင့် ကောက်ပေါက်လိုက်မှ စောင်ခွေးတွေ တပ်ဆုတ်သွားပြီး ပြီးဆုံး သွားသည် ။

"နေရာတကာကိုပါတယ် ထိုက်ထိုက် "
"မင်းကမှ အသည်းနှလုံးမရှိတဲ့အကောင် "
"ကျွတ်စ် ရှုပ်ရှုပ်ယှက်ယှက်တွေ မြန်မြန်သွားမယ် "
"အေး "

အေး လို့ ပြောပြီး ကြောင်ကိုပါ ကောက်ပွေ့လာသည့် ရှင်မင်းထိုက်ကြောင့် မျက်လုံးပြူးရသည် ။

"အဲ့ကြောင်က ဘာလုပ်မလို့လဲ "
"မမြင်ဖူးလား ဒဏ်ရာတွေကို ဆေးထည့်ပေးမလို့ "
"အလုပ်မရှိ အလုပ်ရှာလို့ "
"မင်းကွာ နည်းနည်းလေးတောင် မသနားတတ်ဘူးလား "
"ငါကြောင်မချစ်ဘူး "
"တခြား ချစ်တာကော ရှိတာကြနေတာဘဲ "
"အင်း မရှိဘူး ဘာကိုမှ မချစ်ဘူး "
"အသည်းမာတဲ့အကောင် "

ပွစိပွစိပြောကာ နက်မှောင်ပြီး ပိန်ကပ်နေသော ကြောက်နက်တစ်ကောင်ကို အိမ်ခေါ်သွားသည့် ထိုက်ထိုက် ။ သူ့လက်မှာတော့ ခွေးကိုက်ရာက အကွင်းလိုက် အကွင်းလိုက် ။

》》》》》》》》

"ဟယ်လို "
"ဇေ မင်းရောက်ပြီလား "
"ကားပေါ်မှာ "
"ကျောင်းရှေ့ကနေ ငွေဖြည့်ကတ် ဝယ်ခဲ့ပေးပါလား "
"မဝယ်ပေးနိုင်ဘူး "
"လုပ်ပါ ငါဖုန်းဆက်စရာရှိလို့ "
"တီ "

ဂါးးးးး ဖုန်းချသွားပြီ  &@#₩@*@(×(×)
စောင်ဗန်ပိုင်းယားအကောင် ! မင်းလျို့ဝှက်ချက်တွေ ဖော်ထုတ်ပလိုက်ရ မကောင်းရှိရောမယ် ငါနော် ...

"ငွေဖြည့်ကတ်လေး ဝယ်လာလားဟင် "
"ငါက သူများကို ကူညီတတ်တဲ့သူလို့ မင်းထင်လို့လား "
"ဆောရီး မင်းက မင်းခန့်ဇေ ဆိုတာ ငါမေ့သွားတယ် "
"သိရင်ပြီးတာဘဲ ထိုက်ထိုက် "

Opposite Where stories live. Discover now