Opposite
Ep_21သတို့သမီးအရံ လိုက်ရှာရင်းက အိမ်သာထဲဝင်သွားတာ တွေ့တယ်ဆိုလို့ ကြည့်လိုက်တော့ ယောက်ျားလေးအိမ်သာ ......
အံ့ဩပြီး ရပ်ကြည့်နေတုန်း မျက်နှာကြီးအုပ်ပြီး ပြေးထွက်လာတဲ့ အရိပ်တစ်ခု ။ ကြောင်ပြီးရပ်နေမိတော့ ကိုယ့်ရင်ဖက်ကို တည့်တည့်ဝင်တိုက်သည် ။
အလိုက်သင့်ဖမ်းပေးရင်း မျက်နှာကို ကြည့်လိုက်တော့ ...မှန်ကြောင်လေး ။
ညီလေးရဲ့ သူငယ်ချင်းဆိုတာ သိထားပေမယ့် သတို့သမီးအရံကို ယောက်ျားလေးဖြစ်နေခဲ့မယ်လို့ ထင်မထားမိ ။ ကျွန်တော့်ကိုမြင်မှ ပါးတွေ ရဲတတ်လာပြီး ရင်ခွင်ထဲမှ ထွက်ပြေးဖို့ ပြင်လေသည် ။ လွတ်သွားတဲ့လက်ကို အမြန်လှမ်းဆွဲလိုက်ရင်း ...
"မှန်ကြောင်လေး ! "
"ကျွန်တော့်ကို မှတ်မိတယ်လား "
"မျက်မှန်ဘာလို့ချွတ်ထားတာလဲ "
"မသိပါဘူးဗျာ"စိတ်ရှုပ်နေဟန်ဖြင့် သေချာပုံသွင်း ထားရသည့် လှိုင်းတွန့်ဆံပင်တုတွေကို ဆွဲဖွသည် ။
"မင်းခန့်ဇေ သူငယ်ချင်းတစ်ယောက်လို့ ပြောတာ မှန်ကြောင်လေးဖြစ်နေမယ်လို့ မထင်ထားဘူး "
"ရှက်လိုက်တာဗျာ ! ဒီပုံကြီးနဲ့ တော်တော်ကြည့်ရဆိုးတယ်မှတ်လား "
"ကိုယ့်အတွက်ကတော့ မင်းက ဘယ်လိုပုံစံဘဲ ဖြစ်နေပါစေ မှန်ကြောင်လေးက မှန်ကြောင်လေးဘဲ "
"ဘာတွေပြောနေတာလဲဗျာ စိတ်ရှုပ်ရတဲ့အထဲ "ကျွန်တော်က ကျွန်တော်မဖြစ်လို့ ဘယ်သူ ဖြစ်ရဦးမှာလဲ ဘာတွေပြောနေမှန်းမသိ ။ ဒါတွေအားလုံး ခများကြောင့်ဆိုပြီး ပိတ်ကန်လိုက်ရ !
"ဘာဘဲဖြစ်ဖြစ် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ မှန်ကြောင်လေးသာ မကူညီရင် အဆင်ပြေမှာမဟုတ်ဘူး "
"ဟမ် ဘာလို့ "
"သတို့သမီးအရံ ခြေထောက်ကျိုးသွားတော့ အရေးပေါ်လိုအပ်နေတဲ့အချိန် အနစ်နာခံပြီး ဒီလိုဂါဝန်ပါဝတ်ပြီး ကူညီပေးတာ ကိုယ်ကျေးဇူးတင်သင့်တာပေါ့ "
"အဟမ်း ရပါတယ် "သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ !
သတို့သမီးအရံလုပ်မယ့်သူက ဟိုကောင် နှင်ထုတ်လိုက်လို့ သူ့ခြေထောက်နဲ့သူ ထွက်သွားရတာကို ဘယ်နားက ကျိုးသွားရတာလဲ ??
YOU ARE READING
Opposite
RomanceCover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား ? [ ဒါလေးကလည်း ပေါ့ပေါ့ပါးပါး BL fic လေးတစ်ခုပါ 💙 ]